Savage 14

318 13 0
                                    

Zawgyi

ယောင်းတို့ ဆိုင်ထဲမှ ပိုက်ဆံ ရှင်းပြီး ထွက်လာခဲ့ကြသည်

"ကလေး နေ့လည်တောင် ရောက်နေပြီဆိုတော့ တို့ ဆေးရုံကိုပဲ လိုက်ပို့ ပေးရမလား"လို့ ကားမောင်းရင်း မကမေးသည်

"အချိန်ကလည်း ကုန်တာ မြန်လိုက်တာ.မနဲ့တောင် ခဏလေးပဲ တွေ့ရသေးတယ်"ဆိုပြီး ချယ်ပြောလိုက်သည်

"ဒါဆိုလည်း ခွင့်ယူလိုက်လေ"မ စကားကြောင့် ယောင်း မဘက်ကို လှည့်ပြီး

"တကယ် ခွင့်ယူလိုက်ရမလား"ယောင်း ပြုံးပြကာ jenကို ပြန်မေးလိုက်သည်

"တို့က ကလေးသဘော"ဆိုပြီး jenပြန်ပြောလိုက်သည်

"အင်းပါ ဒါပေမယ့် ခွင့်ယူပြီး ဘာလုပ်မလဲ"

"အင်း ဟုတ်တယ်နော် တို့တွေဘာလုပ်ကြမလဲ😈"မက ယောင်းကို devil smileနဲ့ ပြောလာသည်

"မနော်.. ဘာတွေတွေးနေတာလဲ"

"ကလေးနော် တို့က ဘာတွေးနေလို့လဲ"

"မနော် မစနဲ့"jenမှာ ယောင်းကို စချင်တာကြောင့် ယောင်းလို လိုက်ပြောနေသည်

"ကလေးနော် တို့က ဘယ်မှာစနေလို့လဲ"

"မ"

"ကလေး"

"မကွာ အကောင်းပြောလို့ကို မရဘူး"

"ကလေးကွာ အကောင်းပြောလို့ကို မရဘူး"

"မနော် ယောင်းစိတ်ဆိုးမိတော့မယ်"

"ကလေးနော် တို့စိတ်ဆိုးမိတော့မယ်"

"တော်ပြီ ရပ်တော့ ယောင်းဆင်းတော့မယ်"ပြောပြီး စိတ်ဆိုးကာ တစ်ခြားဘက် လှည့်သွားတဲ့ ယောင်းကြောင့် jenကားကို လမ်းဘေးနားမှာ ရပ်လိုက်ပြီး

"Baby"

".. . . .. . "ယောင်း ဘာမှ မပြောတာကြောင့် ယောင်းကို သူ့ဘက်ကို ဆွဲလှည့်လိုက်သည်

""Babyကလည်း တို့က ဘေဘီကို ပျော်စေချင်လို့ စတာပါနော်.. စိတ်မဆိုးပါနဲ့"

"... .. .. .."

"ကဲ စိတ်ဆိုး မပြေသေးဘူးလား နှုတ်ခမ်းကြီးကလည်း ဆူထားလိုက်တာ တို့ကိုလည်း လာထိုးနေဦးမယ်"

Savage (Completed) Where stories live. Discover now