ဂျွန်ဂယူ စိတ်တွေ တကယ်ရှုပ်ထွေးနေခဲ့တယ်။
သူ ဘယ်လိုဆုံးဖြတ်သင့်သလဲ။ဒီဆက်ဆံရေးတစ်ခုကို မပြိုကွဲအောင်ဆက်ပြီးထိန်းသိမ်းသင့်သလား?ဒါမှမဟုတ်ရင် သူလက်လွှတ်လိုက်သင့်သလား?ဟာရုတို နဲ့ သူရဲ့ချစ်သူသက်တမ်းလေးနှစ်ပြည့်မယ့်နေ့ရက်ကိုရောက်ရှိတေ့ာမယ်။ချစ်သူဖြစ်ေနတဲ့အချိန်ကြားကာလတွေမှာ သူတို့နှစ်ဦးသားဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ကြပေမယ့်လည်း တစ်ဦးကိုတစ်ဦးနာကျင်စေကြပြန်တယ်။ညှိယူဖို့လုပ်တဲ့အချိန်တိုင်း တင်းမာနေတဲ့နှစ်ဖက်စလုံးရဲ့အခြေအနေတွေ
ကြောင့် ညှိနှိုင်းဖို့အတွက်အခက်တွေ့နေခဲ့ပြန်တယ်။
နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦးချစ်နေပေမယ့်လည်း ဒီလိုနားလည်မှာမရှိကြပဲ ချစ်ခရီးလမ်းကိုရှေ့ဆက်လျှောက်မယ်ဆိုရင် သူတို့နှစ်ယောက်စလုံးပင်ပန်းကြရလိမ့်မယ်။သူတို့နှစ်ဦးသားရဲ့ Anniversary dayမှာ ချမယ့်ဆုံးဖြတ်ချက္တစ်ခုဟာ သူတို့နှစ်ဦးသားရှေ့ဆက်လျှောက်လှမ်းဖို့အတွက် ဖြောင့်ဖြူးတဲ့လမ်းတစ်ခုဖြစ်နိုင်ပါ့မလား?
~~~~~~~~~~~~~
"ဘာလဲ hyung ကျွန်တေ့ာ်ကို ခေါ်ပြီးရင်လည်းစကားလေးဘာလေးတေ့ာပြော"
စစခြင်း အဆင်ေပြမနေသောအခြေအနေကြောင့် ဂျွန်ဂယူဦးစွာစိတ်လျော့လိုက်သည်။ထို့နောက်တွင်မှ တည်ငြိမ်သွားနှင့်စကားစရင်ကြိုးစားလိုက်သည်။
"ရုတို အခု ငါမင်းကိုပြောစရာရှိတယ်။ငါပြောတာကို မင်းလေးလေးနက်နက်နဲ့နားထောင်ပေးစေချင်တယ်"
ဟာရုတိုဘက်မှ ပြောစရာရှိတာပြော နားထောင်နေသည်ဆိုသောပုံစံတစ်ခုအားတွေ့မြင်လိုက်ရသည့်အတွက် ဂျွန်ဂယူ အဆင်မပြေလှ။
ဘာပဲဖြစ်ဖြစ် သူ့ဘက်မှ စကားစတင်လိုက်သည်။"ရုတို ငါတို့နှစ်ယောက်ရဲ့ Anniversary နေ့နီးလာပြီ"
".........."
ဂျွန်ဂယူ ဟာရုတိုအားအကဲခတ်လိုက်သည်။သူပြောသည်အား စိတ်၀င်တစားနားထောင်ပေးနေသည်ကြောင့် ပြောနေသော
စကားအားဆက်လိုက်သည်။"ငါတို့နှစ်ယောက်သားရဲ့ ဆက်ဆံရေးကို ငါနဲ့မင်း...ငါတို့ နှစ်ယောက်သားကအသိဆုံးပဲ။အခြေအနေတစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ ငါမသိဘူး ဒါပေမယ့် ငါအဆင်ပြေအောင်ကြိုးစားနေခဲ့တယ် ရုတို။ငါ့ဘက်က အလျော့မပေးနိုင်ခဲ့သလို မင်းဘက်ကလည်း ငါ့အပေါ်အလျေ့ာမပေးခဲ့ဘူး။တင်းနေတဲ့ကြိုးဟာ တစ်ချိန်ချိန်မှာတေ့ာပိုတင်းလာပြီးတေ့ာ ပြတ်သွားမှာပဲ"