"ပျော်ပွဲစားလေးထွက်ချင်လို့ပါဗျို့!"
မြန်မာလရဲ့ပျော်စရာ အကောင်းဆုံး တန်ဆောင်မုန်းလ ပင်။ထိုလတွင် တန်ဆောင်တိုင်ပွဲတော်ကို နေရာအသီးသီးတွင်
ကျင်းပကြသည်။ကလေး လူကြီး မရွေး အလှူငွေ ထွက်ခံကာ ဘုရားကို လှူကြပြီး ကျန်တဲ့ပိုက်ဆံတွေကို စားကြသောက်ကြ ပျော်ကြပါးကြသည်။
_________________________________အိုးစည် ဒိုးပတ် သံများဆူညံနေပြီး နေရာတိုင်းတွင် ကလေး၊လူကြီးများ တစ်အိမ်တက် တစ်အိမ်ဆင်း အလှူလိုက်ခံနေကြသည်။ဒါက ကျွန်တော်တို့အထက်ပိုင်းဒေသရဲ့ဓလေ့ပင်...။
"ရောင်နီ ရေ!ဗျို့ ရောင်နီ!"
သူ မနက်စာ စားနေတုန်း ကိုဖိုးတုတ် က သူ့နာမည်အား အော်ခေါ်ရင်း အိမ်ထဲကို ဝင်လာလေသည်။
"ဗျို့!ကိုဖိုးတုတ် ကျုပ် မီးဖိုချောင်ဘက်မှာ!"
"အေး! ဟျောင့် ဒီနှစ်လဲ အရင်အတိုင်းပဲမလား? "
နှစ်စဉ် နှစ်တိုင်း ကျွန်တော်တို့အဖွဲ့က အိုးစည်၊ ဒိုးပတ်များ တီးပြီး အက များနှင့်အလှူငွေ လိုက်ခံလေ့ရှိသည်။ရလာတဲ့ပိုက်ဆံများကို ရွာဦးကျောင်းဆရာတော် ကိုလှူပြီး ပိုတဲ့ပိုက်ဆံအနည်းငယ်နဲ့ စားကြသောက်ကြ သည်။
"အင်း ကိုဖိုးတုတ်က ဘာလုပ်ဦးမှာလဲဗျ "
ကျွန်တော် ထမင်းကြမ်းစားရင်း မေးလိုက်သည်။
"အော် ထွေထွေထူးထူးမဟုတ်ပါဘူးကွာ
မြို့ကနေအပြီးလာနေ တဲ့ ငါ့ညီလေ သိတယ်မလား?""အော် ဟိုဖြူဖြူဖွေးဖွေး နဲ့တစ်ယောက် အင်းသိတယ်လေ "
"အေး အဲ့တာကွာ ငါ့ညီကလဲ ငါတို့နဲ့လိုက်ချင်လို့တဲ့ကွာ မင်းကခေါင်းဆောင်ဆိုတော့ ငါလာမေးတာ"
"လိုက်ချင်ရင်လဲလိုက်ခဲ့ပေါ့ဗျာ ဘာမြန်းခက်တာကြလို့"
"အေးအေး ဒါနဲ့ငါပြောဦးမယ် အိုးစည်ဒိုးပတ်ပဲနှစ်တိုင်းတီးနေတော့ ငြီးငွေ့လာပြီ အကလေးပါထည့်ရင်မကောင်းဘူးလား?"
ကိုဖိုးတုတ် ပြောတာလဲသဘာဝကျပါတယ်...နှစ်တိုင်း အိုးစည်ဒိုးပတ်တီးနေတော့
နားရည်တောင်ဝရောပေါ့...။