"Nikiမင်းတကယ် ရည်းစားရသွားတာလား"
ဒီနေ့ရဲ့ group chatထဲမှာ အပို့အများဆုံး messageပင်ဖြစ်သည်။Sunoo hyungလို ၂၀ရာစုကျောက်ဖြစ်ရုပ်ကြွင်းကပင် သူ့ကို'တကယ်လား' ဟု
မေးလာလေသည်။
Group chatထဲမှ သကောင့်သားတစ်ယောက်က လက်သွက်စွာပင်
Group chat နာမည်ကို ' Park Sunghoonရဲ့ ရည်းစား ထက်ချောသူများ'
ဟုပင် ကောက်ပြောင်းလိုက်သည်။Sunoo hyungက ရုတ်တရက်
'Park sunghoonက ဘယ်သူလဲ' ဟု ပို့လာသည်။'မင်းမလည်း ကမ္ဘာလောကကြီးနဲ့ ဒီလောက်တောင် အဆက်အသွယ်ပြတ်နေရလား မင်းသားPark sunghoonကို အဘွားကြီးတွေတောင် သိတယ်'
Lee heeseung၏ အားတက်သရော replyကြောင့် group chat မှာ ခေတ္တတိတ်ဆိတ်သွားရသည်။သို့သော်လည်း sunooမှာ အခုအထိ သဘောမပေါက်သေးပေ။
ထပ်မံ၍ပင်
'Niki ငါတို့ကိုမိတ်ဆက်ပေးလေ'ဘာကိုမှreplyမပြန်သေးသော Nikiက
'ဘယ်နားက တွဲရမှာလဲ အဲ့ဒီ့ mojitoကို pepper mintမထည့်ပဲ ဖျော်ခိုင်းတဲ့ အူကြောင်ကြားကိုလား ကျွန်တော်က မဖျော်ပေးလိုက်ဘူးလေ
သူကဖြင့် ကျွန်တော့်ကို အဲ့ထဲက မကြည်ပဲ
ကျွန်တော်ဆိုင်မှာထိုင်တတ်တဲ့ ရက်တွေဆို လာကိုမလာတော့တာကို'
ဟု စာအရှည်ကြီး ပို့လာသည်။_----------++------------
အရူးဟုခေါ်လည်း မတတ်နိုင်ပါ။
စနေနေ့တိုင်း ထိုလူ့ကို ပြန်တွေ့ရမလားဟူသော မျှော်လင့်ချက်လေးဖြင့် sunooသည် ဘားကိုလာလေသည်။
စနေသုံးခါတောင် ရှိသွားပြီဖြစ်သော်လည်း
ထိုသူ့ကိုတော့ ထပ်မတွေ့ရတော့ပါ။ထပ်တွေ့ဖို့ ရေစက်မပါတော့တာလည်း ဖြစ်နိုင်သည်။
ဒီဘဝမှာ တစ်ကြိမ်လောက်ပဲ တွေ့ရရုံ ကံကြမ္မာရှိသည်ဆိုလျှင်လည်း
လက်ခံလိုက်ရုံပဲပေါ့။အမြဲတမ်း စာအုပ်အထူကြီးတွေကို ဖတ်တတ်ရာကနေ
စိတ်ဝင်စားစရာ အသစ်ရလာတော့
စာတွေတောင် မဖတ်ချင်တော့ပါ။သူ့စနေနေ့များမှာ အရင်လိုပင် ပျင်းရိ ခြောက်ကပ်နေပြန်တော့မည်ကို
တွေးရင်း သက်ပြင်းတစ်ချက် သူတောင်မသိလိုက်ပဲ ချမိသွားသည်။စနေနေ့ဆို nikiလည်း ဆိုင်မှာမထိုင်တတ်ပါ။
ညနက်လာလေလေ လူတွေ တဖြည်းဖြည်းများလာလေမို့ သူလည်း
ပြန်ဖို့သာ ပြင်လိုက်သည်။
YOU ARE READING
Is you down?
Fanfiction'ချစ်မိသွားဖို့ အချိန်၁၀စက္ကန့်ပဲ လိုပါတယ်တဲ့' သူကတော့ ဒါကို ကိုယ်တိုင်ကြုံဖူးမှပဲ ယုံရတော့သည်။ Written in Burmese.