Unicode
ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ချယ်ယောင်း ရဲ့ဘဝဟာတခြားမိန်းကလေးတွေထက်မထူးခြားပေမယ့် ပိုတော့ထူးဆန်းတယ်လို့ပြောလို့ရတယ်။ မထူးခြားဘူးဆိုတာကတော့ သူမကတခြားမိန်းကလေးတွေလိုပဲသာမန်အထက်တန်းကျောင်းသူတစ်ဦး၊ Melbourne,Australiaမှာနေတဲ့Park familyရဲ့ သူမသိပ်ချစ်ရတဲ့အစ်မ အဲလစ် နဲ့အရှုပ်ထုပ်ညီမလေး ဆိုမီ တို့ကြားကဒုတိယမြောက်သမီးလတ်လေးပေါ့။
အဲ ထူးဆန်းတယ်ဆိုတာကြတော့....
တခြားမိန်းကလေးတွေလိုပဲဘဝကိုဖြတ်သန်းနေပါတယ်ဆိုသော်ငြား သူမကတခြားမိန်းကလေးကလေးတွေနဲ့မတူတာပါပဲ...
ဘာမတူတာလဲဆိုတော့ (ဘာမတူတာလဲလို့သင်ကိုယ်တိုင် ပတ်ချယ်ယောင်းလေး ကိုသွားမေးကြည့်ရင်တော့ အလွန်တရာချောမောလှပလွန်းတဲ့ရုပ်ရည်လေးလို့ပြန်ဖြေပါလိမ့်မယ်:3)
ဥပမာ:
ကလေးဘဝတုန်းက တခြားမိန်းကလေးတွေဖန်စီလည်ဆွဲ လက်စွပ်လေးတွေ၊ အရုပ်မသေးေသးလေးတွေကိုစတစ်ကာလှလှလေးတွေကပ်ထားတဲ့ပန်းရောင်ဘူးလှလှလေးတွေထဲမှာစုဆောင်းတတ်တဲ့အချိန် သူမကတော့သူ့အမေအပ်ချည်လုံးတွေထည့်တဲ့ထောပတ်ကွတ်ကီးဘူးကြီးထဲမှာ တော်ရုံမိန်းကလေး မြင်တာနဲ့အသက်ထွက်သွားနိုင်တဲ့ ပိုးဟပ်တွေ၊ ကင်းခြေများတွေနဲ့ တိုလီမုတ်စ ချိတ်ကောက်တွေ၊ စက္ကူလေယာဉ်ပျံရုပ်တွေ၊ သူ့ညီမလေးငယ်ငယ်ကဝတ်တဲ့ခြေအိတ်တွေကိုထည့်သိမ်းထားတတ်တာမျိုး....
အရွယ်ရောက်လာလို့တခြားသူနဲ့ရွယ်တူအတန်းဖော်မိန်းကလေးတွေက အဝတ်အစားအပျံစားတွေဝတ် လက်ထဲမှာမှန်လေးကိုင်၊မိတ်ကပ်လေးတသသပြင်ပြီး ကောင်လေးတွေနဲ့ဒိတ်နေတဲ့အချိန် သူကတော့အမြဲတမ်းလိုလိုဟူဒီအထူကြီးဝတ် ပါဝါမပါတဲ့မျက်မှန်အထူအဝိုင်းကြီးတပ် လက်ထဲမှာမှန်အစား မုန့်ထုပ်ကြီးကိုင်ပြီး တစ်ခါမှလဲရည်းစားမထားဖူးပဲ အချစ်ဟာထောပတ်သီးနဲ့တူကြောင်း အချစ်ဟာမကောင်းကြောင်း ဒဿန ဗြသနတွေကိုသူ့ညီမလေးကိုထိုင်ပွားနေတတ်တာမျိုး....
တခြားသူ့အတန်းဖော်တွေကသူတို့နဲ့ဒိတ်တဲ့ကောင်လေးတွေပေးတဲ့ချောကလက်တွေ ပန်းစည်းတွေကိုတယုတယသိမ်းဆည်းထားတဲ့အချိန် သူကတော့သူငယ်ငယ်ကစုထားတဲ့တိုလီမိုလီတွေကိုပဲရတနာလိုသိမ်းဆည်းထားတတ်တာမျိုး...
YOU ARE READING
TO ALL THE GIRLS I'VE LOVED BEFORE
Fanfictionယူတို့ဘဝမှာအနည်းဆုံးလူတစ်ယောက်ပေါ်မှာတော့crushဖူးမှာပါ အဲ့လိုcrushလေးတစ်ယောက်ပဲရှိတာတောင်မှ ယူတို့ရဲ့ဘဝကြီးကိုဇောက်ထိုးမိုးမြော်ဖြစ်သွားအောင်ထိအဲ့crushလေးကစွမ်းဆောင်နိုင်တယ်မလား crushလေးတစ်ယောက်ပဲရှိတာတောင်မှဒီလိုဖြစ်နေရင် crushငါးယောက်တောင်ရှိဖူးတဲ...