အပိုင်း ၁

8 0 0
                                    

တူ.....တူ.....တူ.....

" အစောကြီးကို ဘောမို့ ဖုန်းတွေဆက်နေရလား နွားရဲ့ "

" .......... ခွန်ငယ် ခုထိမထသေးတာလား မနက် 9:36ကစောသေးတာပေါ့ ပြီးတော့ အခုဆဲလိုက်တယ်နော် "

" ဟင် ဦးမှိုင်း ....."

  အိပ်ချင်နေတဲ့စိတ်တွေပါပျောက်ပြီး ခေါင်းမွှေးပါထောင်ထလာစေတဲ့ အသံပိုင်ရှင်ကို contactမကြည့်ပဲနဲ့တောင်သိသည်။ စောစောစီးစီးဆဲမိတဲ့အပြင် နောက်ကျတဲ့ထိပါအိပ်လိုက်မိသေးတယ်။ သေစမ်း ဒီနေ့ကတော့တကယ့်ပြဿဒါးနေ့ပဲ။

" ကိုယ်ပြောတာကြားလား ခွန်ငယ် "

" ဟို ကျွန်တော်ထပါပြီ ဦးမှိုင်းရဲ့ ရေချိုးခန်ုးဝင်မလို့ရှိသေး ဖုန်းထဆက်တော့လန့်ပြီးဆဲမိတာပါ ဟီးဟီး ....."

" ဒီတစ်ခါရှိစေတော့ နောက်တစ်ခါဆိုရင်နာမယ်နော်။ အခု မြန်မြန်ထပြီး အဆင်သင့်ပြင်ထားတော့ 10နာရီထိုးတာနဲ့လာခေါ်မယ်။ ဂေဟာကို နေမပူခင်သွားရမှာ "

" ဟုတ်ကဲ့ပါ ဒါဆို ဦးမှိုင်း ကျွန်တော်ရေချိုးလိုက်အုံးမယ်နော် ဒါပဲ သိလား "

" အင်း....."

  ငါလေးဘဝကလဲ တကယ်မလွယ်ဘူးဟ။ မားတို့ဆီကနေလွတ်လပ်ရေးရပြီလား မှတ်တယ်။ တကယ့်စာအုပ်ကြီးအတိုင်းလုပ်တဲ့သူဆီ အပ်ထားခဲ့ရတယ်လို့ မားသိပ်ရက်စက်တာပဲ။ ကဲပါလေ စိတ်ကောင်းရှိတဲ့ ငါလေးကပဲ သည်းခံလိုက်ပါ့မယ်။ ဘယ်ချိန်တောင်ရှိပြီလဲမသိ.....ဟိုလီ ရှစ်ထုပဲဟ 9နာရီ 41တောင်ရှိပြီ အချိန်တွေကဘာလို့မြန်ရတာလဲ

ဒုတ်.........ခွပ် အာ့

" သေလိုက်ပါတော့ ကောင်းစစ်ခွန်လွန်းရယ် ငါ့နှယ် ....."

9:59 AM

" ဟုတ်ပြီ ငါး...လေး...သုံး...နှစ်..."

တီ တီ တီ

" တကယ့်အချိန်တိကျသူကြီးပါဆို ဟုတ်လာပါပြီ ...."

  အင်း အင်း ဦးမှိုင်းပေါ့ နာမည်ရင်းကတော့ မှိုင်းညို့ဆိုင်းတဲ့လေ တကယ်ကိုလူနဲ့နာမည်နဲ့ကွက်တိပဲ သူ့ကြည့်လိုက်ရင် တ‌စ်ယောက်တည်းကွက်ပြီးမိုးအုံ့နေတာကျလို့။

နှလုံးသားစေရာWhere stories live. Discover now