နေခြည်အနမ်း။

1.1K 93 8
                                    

{About the sun's kiss that could not be avoided.}

ဆိုးလ်မြို့၊နမ်ဘူဘတ်စ်ကားဂိတ်မှ နမ်ဟဲဘက် အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်နေသည့် ဘတ်စ်ကားပေါ်တွင် ဆောင်းဟွန်းအတွေးများဟာ ရောက်တတ်ရာရာ။ မနက်ရှစ်နာရီခွဲ ထွက်သည့် အစောဆုံးကားနှင့် လိုက်ပါလာ၍ ‌မနက်‌ခင်းနေရောင်က အရှေ့ဘက်ကနေ မှန်ဘောင်မှဖြတ်ကျော်၍ ကားတွင်းပင် ဖြာကျနေသည်။

ကားမှန်မှ တစ်ဆင့်ကျော် မြင်နေရသည့် မြင်ကွင်းက စိမ်းစိုမှုအပြည့်နှင့် ဖုံးအုပ်ထားကာ လမ်းကလည်း အကွေ့အကောက်များလှသည်။

ဘတ်စ်ပေါ်တွင် သူအပါအဝင် လေးငါးယောက်လောက်သာ တွေ့ရပြီး နှစ်ခုံစာဝယ်ထားသည့်သူ့အတွက် ဘေးနားခုံမှာလည်း သူ့ခရီးဆောင်အိတ်တစ်လုံးနှင့်သာ။ Air pod တစ်ဖက်နှင့် အဖော်ပြုရင်း အချစ်ကိုမခံစားဘူးလေပေမယ့် Paul kim ၏ Me after youသီချင်းက‌တော့ ဆိုညည်းလို့ကောင်းနေသည်။

ငါးနာရီနီးပါး မောင်းနှင်လာအပြီးမှ နမ်ဟဲဘတ်စ်ဂိတ်ကို ရောက်ပြီး ရှင်းလင်းနေသည့် ပတ်ဝန်းကျင်နှင့် အေးစက်သည့် လေထုဟာ ခံစား၍မကောင်းသောကြောင့် အငှားကားတစ်စီးအား အမြန်ငှားရမ်းကာ ဘတ်စ်ဂိတ်မှထွက်ခွာလိုက်သည်။

ပျားပန်းခတ်နေသည့် ဆိုးလ်လမ်းမလိုမျိုးမဟုတ်ပဲ ဒီဒေသတွင် ပင်လယ်နှင့်အပြိုင် အဝေးပြေးလမ်းမတစ်လျှောက်မှာ မော်တော်ယဉ်အနည်းငယ်သာ မျက်ဝါးထင်ထင်‌ေတွ့ရ၏။

တစ်ဖြည်းဖြည်းနှင့် မြင်ကွင်းထဲဝင်လာပြီဖြစ်သော နမ်ဟဲကျွန်းဆွယ်က အထစ်ထစ်ကုန်းမြင့်များနှင့်။ ကျွန်းဆွယ်ဒေသပေမို့ ပင်လယ်ပြာကတော့ မျက်စိတစ်ဆုံးပင်။ အထစ်ထစ်ကုန်းမြင့်များတွင် စိမ်းဆိုသောလယ်ကွင်းများနှင့် ဖုံးအုပ်ထားသည့်မြင်ကွင်းဟာလည်း သဘာဝ လက်ဆောင်ကောင်းတစ်ခုလိုပင်။

တိတ်ဆိတ်ငြိမ်သက်မှုနှင့်တစ်ပြိုင်နက် လန်းဆန်းမှုကိုခံစားလိုက်ရသည်မို့ ဆောင်းဟွန်း သဘောခွေ့စွာ သူ့ဆုံးဖြတ်ချက်မှန်ကြောင်း တွေးရင်း ကျေနပ်မိသည်။

အဘွားဖြစ်သူ၏ မွေးရပ်မြေဖြစ်သော နမ်ဟဲမှ ဒါရန်းဂျီရွာကို သူနောက်ဆုံးရောက်ခဲ့သည်က ကလေးဘဝတွင်ဖြစ်ပြီး ထိုရွာနှင့်ရင်းနှီးမှုဟာမှုန်ဝါးဝါး။

𝗦𝗨𝗡𝗞𝗜𝗦𝗦 : 선선Where stories live. Discover now