နေခြည်အနမ်း။ ၂

565 68 27
                                    

. . . .🚲

အချိန်တစ်ခုအကြာထိ၊ တရွေ့ရွေ့ နင်းလာပြီးသည့် စက်ဘီးလေး၏ဦးတည်ရာ၊ အုတ်တံတိုင်းအပုခြံအကာအရံနှင့် အနက်ရောင်အခံပေါ်မှာ ရောင်စုံဆိုးဆေး ပြည့်ဝနေသော ပန်းပွင့်သဏ္ဌန်ပါသည့်၊ ခေါင်မိုးကို ဝိုးတဝါးမြင်နေရပြီဖြစ်သည်။

မြင်ကွင်းထဲရှင်းရှင်း ပေါ်လာသည့် ရိုးရာအိမ်ဆီ‌ရောက်ဖို့ရာ နီးကပ်လာသည်မို့ ဆောနူ အရှိန်ကိုအားစိုက်လိုက်သည်။ ထိုအခါ မြေကြီးပေါ်တွဲလောင်းဆွဲလာသည့် ဆောင်းဟွန်း၏ အနက်ရောင် luggageဘီးလုံးမှ ဂျလစ်ဂျလစ် ပွတ်တိုက်သံကြီးဟာ ပိုပီပြင်လို့လာသည်။

"အရှေ့မှာရောက်ပြီ"

ပြောလည်းပြီး ခြံတံခါးပေါက်ရှေ့သို့ တိခနဲ‌ရောက်သွားသည့်အခါ ဆောနူလျှာတစ်လစ် ထွက်မတက် မောဟိုက်လျက်။

အရှေ့တည့်တည့်မှ မြင်နေရသည့် အိမ်မှာ အတန်အသင့်ကျယ်သည့် အိမ်ရှေ့မျက်နှာစာရှိပြီး ဆင်ဆွယ်ရောင် ဝါကျန့်ကျန့်နံရံတွေရှိသည်။ အမည်းရောင်အုတ်သားခေါင်မိုးမှာတော့ သဘော်ဆေးလိုမျိုးနှင့်ဆွဲထားသည့် မရန်းရောင်ပန်းပွင့်အကြီးကြီးတစ်ပွင့်လည်း ရှိသည်။ ဒါကတော့ ဆောင်းဟွန်းလာတဲ့လမ်းတစ်လျှောက်က အိမ်အများစုမှာလည်း အခုလိုမျိုးတွေ့ခဲ့ရသည်။

မျက်စိရှေ့မှ သူ့အရပ်ခါးပိုင်းလောက်သာ အမြင့်ရှိသည့် အဖြူရောင်သစ်သားပြားများနှင့် ခြံစည်းရိုးတစ်လျှောက်မှာတော့ သစ်နွယ်ပင်များက စိမ်းစိမ်းစိုစိုနှင့် နေရာစိပ်ဖုံးလွှမ်းလျက်ရှိသည်။ ခြံစည်းရိုးအမြင့်ထက် တစ်ပေစာလောက်မြင့်သည့် တြိဂံအချွန်နှင့် ခြံတံခါးရွက်နှစ်ခုတွင် တစ်ဖက်မှာ စပျစ်သီးစိုက်ခင်း ကြေငြာစာရွက်အကပ်ခံထားရသည်။ ခြံဝန်းလေးနှင့်အိမ်သည် ‌ရွာဓလေ့အငွေ့အသက်အပြည့်နှင့် စိတ်ကြည်လင်မှုအပြည့်အဝရစေသည်။

ဆောင်းဟွန်း ထိုအိမ်သို့ ငယ်စဥ်ကရောက်ခဲ့ဖူးသည့် ပုံရိပ်တွေအား မှတ်ဉာဏ်ထဲ လုံးလုံးလျားလျားမှ ပုံဖော်မရတော့သော်လည်း ရင်းနှီးသည့်အငွေ့အသက်လေးတော့ ခံစားရသည်။

You've reached the end of published parts.

⏰ Last updated: Sep 30, 2023 ⏰

Add this story to your Library to get notified about new parts!

𝗦𝗨𝗡𝗞𝗜𝗦𝗦 : 선선Where stories live. Discover now