"ရှင်မရေ....ဒီနေ့မြို့အုပ်သစ်လေးလာမှာ..အဲ့တာဖွယ်ဖွယ်ရာရာလေးတွေချက်ထားအုံးနော်"
သူကြီးဖြစ်သူကသူ့မိန်းမကိုလှမ်း၍မှာနေတာပင်
ဒီနေ့မြို့အုပ်အသစ်လာမယ်ဆိုတော့
ကောင်းကောင်းကန်းကန်းလေးချက်ထားရမည်မလား
ဟိုသကောင့်သားကတော့အခုချိန်ထိအိပ်နေတာများ
ကာလနဂါးနဲ့မျိုးဆက်ထားတယ်တောင်မှတ်ကတယ်"ဟိုကောင်.....ထတော့နေဖင်ထိုးနေပြီ!!"
(A/Nကိုယ့်အမေအတိုင်းဘဲ)
အိပ်ခန်းထဲတွင်တော့အိပ်မက်ကောင်းနေတဲ့လွန်းလေးမှာတော့သူ့ဖခင်၏
အော်သံကြောင့်မထခြင်ထခြင်နဲ့ထနေရတော့သည်
မထလို့လည်းမရ
အဘ က တော်ကြာကုတင်ပေါ်ကလာကန်ချနေအုံးမယ်ထတာတောင်မျက်လုံးကမပွင့်သေး
သူလည်းထပြီးခြေလက်သန့်စင်ရန်အိမ်အနောက်ဘက်သို့ထွက်လာလိုက်သည်*ဒုတ်*
မမြင်မဆန်းနဲ့အိမ်ပေါ်ကဆင်းလာတာအောက်ရောက်ခံနည်းလှေကားမှာခြေချော်ပြုတ်ကျတာပင်
"သားလေး...အဆင်ပြေရဲ့လား...အော်..တော်လည်းမမြင်မဆန်းနဲ့သတိလေးဘာလေးထားမှပေါ့"
*ခူး...ခူး..ခူး..*
ဒေါ်လွန်းချစ်ဟောက်သံကြားတာကြောင့်ကြည့်လိုက်တော့ကြမ်းပြင်မှာပြုတ်ကျလျက်ကားကားယားယားကြီးနဲ့ပြန်လည်အိပ်ပျော်နေတဲ့လွန်းလေးကိုတွေ့ရတာပင်
"အော်....ဒီကလေးနှယ်....သားလေး..လွန်းလေးရေထတော့လေ"
"ဟင်း.....ဝါး...."
"ထတော့လေ"
"မေကြီး..ကျတော်ဘယ်ရောက်နေတာလည်း..ပြီးတော့ကျတော့ကျောကအေးနေတယ်"
"သားရယ်...ကြမ်းပြင်ပေါ်ကအရင်ထတော့..ဒီနေ့မြို့အုပ်အသစ်လေးလာမယ်တဲ့အမေနဲ့ဈေးလိုက်ခဲ့နော်...သွားခြေလက်သန့်စင်..အမေမုန့်ဟင်းခါးဝယ်ထားတယ်"
"ဟမ်..အော်..ဟုတ်..ဟုတ်"
သူလည်းသူ့ကိုယ်သူပြန်ကြည့်မိတော့ကြမ်းပြင်ပေါ်မှာပင်
သူလည်းကြမ်းပြင်ပေါ်မှထပြီးခြေလက်သန့်ဆင်ကာမနက်စာစားပြီးအမေ့ဈေးခြင်းဆွဲကာအမေနဲ့ဈေးသု့လိုက်လာခဲ့လိုက်သည်
YOU ARE READING
ပွင့်ဖူးလေသောအချစ်နှင်းဆီ
Randomဝနထွဍ်ခေါင်+လွန်းသည်းညှာ Vintage myanmar fic Inspired by the life style in the 1930s 📻