1.2

1.4K 189 27
                                    

ဆောနူ အစ်ကို့ကိုသဘောကျတယ်လို့ ပထမဆုံးအကြိမ် ဖွင့်ပြောဖြစ်ခဲ့တာ ကိုကိုက (မိုးသဲတဲ့နေ့မှာတွေ့ခဲ့ရတဲ့)အရမ်းကြည့်ကောင်းတဲ့အစ်ကိုကြီးကို အိမ်ခေါ်လာခဲ့တဲ့နေ့တုန်းက။ အဲဒီအစ်ကိုက အမေရိက,ကပြောင်းလာတာဆိုတာရယ်၊ ကိုကိုနဲ့တစ်ခန်းထဲအတူတက်နေတယ်ဆိုတာရယ်၊ အသက်အတူတူဆိုတာရယ်၊ ပြီးတော့ ကိုကို့အချစ်ဆုံးသူငယ်ချင်းဆိုပြီး သိလိုက်ရတယ်။

ဆောနူသေးသေးလေးက အစ်ကို့ကိုဒီလိုဆက်နွယ်မှုမျိုးနဲ့ပြန်တွေ့လိုက်ရတဲ့အခါ သူ့စိတ်ထဲမှာ ဒါဖူးစာလို့ ယုံကြည်သွားတယ်။ အစ်ကို အိမ်ကိုနောက်တကြိမ်အလည်လာတဲ့အခေါက်မှာတော့ ဆောနူက အစ်ကို့ကိုသေချာလေးပြောဖြစ်ခဲ့တယ်။

"သားကြီးလာရင် အစ်ကိုနဲ့ လက်ထပ်မှာ"

အစ်ကိုက သူ့ကိုကြည့်ပြီး ရယ်နေခဲ့တာ။ ချစ်စရာလေးလို့လဲပြောသေးတယ်။ ကိုကိုက သူ့ကိုအခန်းထဲကနေ နှင်ထုတ်လိုက်ပေမယ့် ဆောနူ အဲဒီအတွက် စိတ်မဆိုးပါဘူး။ အစ်ကိုက ဆောနူကို ချစ်စရာလေးလို့ပြောလိုက်တယ်လေ။ ဒါလက်ထပ်ဖို့အတွက် ပထမဆုံးအဆင့်ပဲ။

အဲဒီနောက်ပိုင်း ဆောနူ ဆောင်းဟွန်းကိုတွေ့တိုင်း အမြဲပြောဖြစ်ခဲ့တယ်။ "သားကြီးလာရင် အစ်ကိုနဲ့တကယ်လက်ထပ်မှာနော်" ဆောင်းဟွန်းကတော့ သူဒီလိုပြောတိုင်း ရယ်ပဲရယ်နေခဲ့တာ။

ဆောနူ မထော်မနမ်းတွေလုပ်လို့ဆိုပြီး ကိုကို့ဆီကနေ ခဏဏအဆူခံရတယ်။ "ဆောင်းဟွန်းကိုတော့ မကြိုက်လိုက်ပါနဲ့ ငါ့ညီရယ်"ဆိုပြီး ကိုကို့ဆီကနေ lectureရိုက်ခံရတာ။ "မင်းအသက်ငယ်ငယ်လေးရှိသေးတယ်။ အချစ်ဆိုတာဘာမှန်းမသိသေးဘူး။ ဒီလိုတွေလိုက်လိုက်ပြောနေတာမကောင်းဘူး သိလား"

ဒါပေမယ့် အစ်ကိုက သူ့ကိုပြုံးကြည့်နေခဲ့တယ်။ ချစ်စရာလေးလို့လဲအမြဲပြောတယ်။ ကိုကို့ကို "ရပါတယ်ကွာ.. မင်းကလဲ ကလေးကို"ဆိုပြီးဝင်ပြောတယ်။ ဆောနူပေးတဲ့လက်ဆောင်သေးသေးလေးတွေကိုလဲ သဘောတကျနဲ့လက်ခံတာပဲ။ ပြီးတော့ ဆောနူခေါင်းလေးကိုလဲ ခပ်ဖွဖွပွတ်ပေးသေးတယ်။

အစ်ကို့က သူ့ကိုသဘောကျခဲ့ပါတယ်...

ဒါပေမယ့် အစ်ကို အထက်တန်းရောက်တဲ့အခါ ဒါတွေကပြောင်းလဲသွားခဲ့တယ်။ အစ်ကို သူတို့အိမ်အလည်ရောက်နေတဲ့အချိန် ကိုကိုက အစ်ကို့ကို ကောင်မလေးတစ်ယောက်နဲ့စနေတာ။ အစ်ကိုက အဲဒီကောင်မလေးနဲ့တွဲနေတာလို့ပြောတယ်။ ဆောနူ မှတ်မိသမျှက အဲဒီစကားကိုကြားတဲ့အချိန် အကျယ်ကြီးအော်ပစ်ခဲ့မိတာပဲ။ "ကျွန်တော်တို့လက်ထပ်မှာဆို!!! ကျွန်တော်ကြီးလာရင် လက်ထပ်မှာမို့လို့ အစ်ကိုဘယ်သူနဲ့မှတွဲလို့မရဘူးဆိုတာ မသိဘူးလား!!!" ဆောနူက ဒီစကားကို ထပ်တလဲလဲအော်ပြောနေခဲ့တာ။

I love you first [PSH x KSN] Where stories live. Discover now