Ep 12

3K 244 33
                                    

Ep 12

Uni+Zaw

" ဟေ့ကောင်လေး! ထစမ်း! ထစမ်း! "

ဒေါင်းလွမ်းဏီသည် သူ့ပခုံးအားလှုပ်ရမ်းနှိုးနေမှုကြောင့် လေးလံနေသောမျက်ခွံများသည် ဖြေးဖြေးချင်းပွင့်လာသည်။

" မနက်အရုဏ်တက်တော့မယ်။ အခုထိအိပ်နေတုန်းလား ဟမ်! သခင်ကြီးပေးထားတဲ့အမိန့်ကိုချက်ချင်းပဲ​မေ့ပစ်လိုက်ရောလား "

" တယ်!! ဒီကောင်လေး အကြောက်အလန့်မရှိ! ထစမ်း! အခုချက်ချင်းထစမ်း!! "

တိတ်ဆိတ်ငြိမ်သက်နေသော မနက်ခင်းတွင် ခပ်ကြိတ်ကြိတ်မြည်တွန်တောက်တီးနေသော ဆူညံသံများကြောင့် ဒေါင်းလွမ်းဏီ လုံးဝနိုးသွားပြီဖြစ်သည်။

" ကျွန်တော်နိုးပါပြီဗျ တော်ပါတော့ "

စိတ်မရှည်စွာညည်းညူလိုက်တော့ စူပုပ်နေသောအဖိုးအိုမျက်နှာကိုတွေ့ ရလေသည်။တစ်ဆက်တည်းမှာပဲ မျက်လုံးတစ်ဖက်ကိုအုပ်ကာစည်းထားသော အမဲရောင်ပိတ်စကိုတွေ့ရသောအခါ ဒေါင်းလွမ်းဏီစိတ်ထဲတစ်မျိုးဖြစ်မိသည်။သူ့​လက်ချက်နဲ့ အဖိုးအို၏ မျက်စိတစ်ဖက်ကွယ်ခဲ့ရသည်မဟုတ်ပါလား။

" နိုးရင်လည်း မျက်နှာသစ်ပြီး သန့်ရှင်းရေးသွားလုပ်ချေ "

" ဟုတ် "

ညတုန်းကတစ်ညလုံး ငို​နေခဲ့ပြီး မိုးလင်းခါနီးမှ ပင်ပန်းပြီးအိပ်ပျော်သွားခဲ့သည်။အိပ်ပျော်နေသည့်အချိန်ပဲကောင်းသည်။ဖြစ်ပျက်နေတဲ့ လက်ရှိအနေထားကို အသိကပ်နိုးထလာသည်နှင့်တစ်ပြိုင်နက် စံအိမ်ကြီးထဲမှာပဲရှိနေဆဲဆိုတဲ့ အတွေးက သူ့နှလုံးသားကိုတစ်စစီ ကုတ်ဆွဲဖျက်ဆီးလိုက်သလိုပင်။မျက်နှာအမြန်သစ်ပြီး အဖိုးအိုနောက်သို့လိုက်လာခဲ့သည်။

'ချလွင်'

ဘယ်ဘက်ခြေထောက်တွင် ခတ်ထားသောသံကြိုးကြောင့် လှုပ်ရှားလိုက်သောအခါ ထွက်ပေါ်လာသောအသံ။ဒေါင်းလွမ်းဏီ မျက်ရည်ဝဲတက်သွားသည်။

" သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ။အရင်ဆုံး လှေကားအလယ်က ဧည့်ခန်းနဲ့လျှောက်လှမ်းတွေကို ပြောင်နေအောင်ကြမ်းတိုက်ထား။သခင်ကြီး ဆင်းလာတဲ့အချိန် ဖုန်တစ်စတောင်မရှိစေနဲ့ "

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now