ကျောင်းဆရာလေးအဖြစ် - ရှောင်းကျန့်
လွမ်းသူ့ရွာသားလေးအဖြစ် - ဝမ်ရိပေါ်
လေပြေကလေးပြေးဆော့ပြီး...သစ်ရွက်တွေမြေပေါ်သို့ကြွေခသွား
ခဲ့ပြီ...နွေရဲ့ပူပြင်းသည့်ရာသီဥတု...ဥသြငှက်ကလေးရဲ့လွမ်းသံနဲ့အတူလွမ်းသူ့ရွာကလေးမှာကွယ်...
အလွမ်းသမားလေးတစ်ယောက်ရဲ့ပုံပြင်ရှိနေခဲ့တယ်...
တစ်ခါကအလွမ်းသမားလေးရယ်...ရင်ထဲနစ်အောင်ချစ်ရတဲ့သူရှိလေ
သတဲ့...နုပျိုတဲ့မျက်နှာထက်ကလှပသည့်အပြုံး...ပျားရည်လိုချိုမြိုင်တဲ့အသံလေးနဲ့...
အဖြူရောင်တိုက်ပုံလေးနဲ့အစိမ်းရောင်ပုဆိုးကလေးဝတ်လို့မြင်ရသူအဖို့ရင်ထဲလ
န်းဆန်းစေတဲ့မင်းကို...မြင်မြင်ချင်းမှာတစ်သက်မမေ့နိုင်တော့လို့ ...ရင်ထဲသော့ခက်ကာသိမ်းလို့
ထားပါ့မယ်...မင်းလေးရဲ့မျက်စောင်းကလေးတစ်ချက်တောင်..အထိုးမခံနိုင်သည့်
ဒီလူဟာ...ကံကြမ္မာရဲ့လှည့်စားမှုကြောင့်မင်းလေးနဲ့ဝေးခဲ့ရလေပြီ...
ရက်ကနေလ...လကနေနှစ်...
နွေကနေမိုး...မိုးကနေဆောင်း...ရာသီအလီလီပြောင်းပါသော်လဲ..
ကံကြမ္မာတစ်ပတ်ပြန်လှည့်မလာသေးတာမို့...ရွာအဝင်လမ်းကလက်ပံပင်ကြီးအောက်....
ဟောဒီကလွမ်းသူ့ရွာကလေးမှာ..
အလွမ်းသမားလေးကျုပ်စောင့်နေပါ့မယ်...🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
စာသားကူးယူဖော်ပြခွင့်အပြုပါ