Unicode
တပေါင်းလ၏လေကလေးတဖြူးဖြူးနဲ့ရွာထိတ်ရှိလက်ပံပင်ကြီးအောက်ဖြူနေသည့်ဆံပင်လေးကိုသေသေသပ်သပ်ဖီးလိမ်းထားပြီးတိုက်ပုံအင်္ကျီနဲ့ပုဆိုးကလေးကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့်60ကျော်အဖိုးတစ်ယောက်အချိန်မည်မျှလောက်ကြာသွားမှန်းပင်မသိတော့သည်ထိလက်ပံပင်ကြီးအောက်တွင်ဥသြငှက်သံတွေနဲ့အတူထို
အတိုင်းရွာအဝင်လမ်းလေးကိုမျှော်ကြည့်ရင်းဆွေးနေခဲ့သည်ထိုအချိန်တွင်ဆယ်နှစ်အရွယ်ကလေးလေးဟာထိုအဖိုးအနားသို့ပြေးလွှားရောက်လာတော့သည်"အဖိုး...ဒီမှာလာပြီးတစ်ယောက်ထဲရပ်နေပြန်ပြီလား "
".............."
"အဖေကအဖိုးပျောက်လို့စိတ်ပူနေတာ...ဒီမှာလေစိမ်းအရမ်းတိုက်
တယ်ကျုပ်နဲ့အိမ်ပြန်လိုက်ခဲ့ပါ ""ဟင်း...နွေရာသီလဲနောက်ထပ်ရောက်ရှိလို့လာပြန်ပြီပဲ..ဒီနှစ်လဲ
ကျုပ်ထပ်စောင့်ရအုန်းမှာပဲလားဆရာလေးရယ် ""အဖိုး...ပြန်ကြရအောင်ပါအဖေတို့စိတ်ပူနေတယ် "
"အင်...တစ်နှစ်ပြီးတစ်နှစ်ရွက်ဝါတွေမြေပေါ်ကြွေခသွားပေမဲ့လဲ..ဒီ
လက်ပံပင်ကြီးကတော့အရင်အတိုင်းပါပဲလား.."စကားလဲပြောပြီးနောက်မှာတော့အဖိုးအို၏မျက်ဝန်းထဲတွင်မျက်ရည်များလည်လို့လာတော့သည်ကျချင်နေသည့်မျက်ရည်များကိုတိတ်တိတ်လေးသုတ်ရင်းမြေးဖြစ်သူ၏လက်ကလေးကိုအားပြုကိုင်ကာအိမ်
သို့ပြန်လာခဲ့တော့သည်လမ်းတစ်လျှောက်ရွာသားများဟာအဖိုးအိုကြီ
းကိုမြင်သောအခါခေါင်းလေးခါကာသက်ပြင်းများချကျတော့သည်ဟုတ်ပါတယ်ထိုရွာသူရွာသားများဟာထိုအဖိုးအိုကြီး၏အတိတ်များကို
သိကြသူများဖြစ်တာကြောင့်ထိုအဖိုးအိုကြီးကိုသနားပြီးတချို့ဆိုအတိတ်ကိုပြန်အောင်းမေ့ပြီးမျက်ရည်များကျမိကြတော့သည်"အဖိုးဝမ်ရွာထိတ်ကလက်ပံပင်ကြီးဆီကိုသွားပြန်ပြီထင်တယ် "
"ဟုတ်လောက်တယ်..မနက်ထဲကအိမ်ကပျောက်သွားလို့ဆိုပြီးသူ့
ရဲ့မွေးစားသားကလိုက်ရှာလေရဲ့ "