[ Unicode]
ဒီဇင်ဘာလရဲ့ ညနေခင်းတစ်ခုဟာ မီးရောင်စုံ၊ လူပေါင်းစုံကြား ချမ်းစိမ့်မှုတစ်ခုနှင့်အတူ သက်ဝင်လှုပ်ရှားလျက်ရှိသည်။ တဖြောဖြောကျဆင်းနေသည့်နှင်းစက်တွေဟာ မီးတိုင်၊ မီးလုံးတွေ၊ ခရစ္စမတ်သစ်ပင်တွေပေါ်မှာ အစုလိုက်အပြုံလိုက်။
ပူနွေးနေသည့်ကော်ဖီခွက်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားရာမှ လက်တစ်ဖက်အား ဝတ်ထားသည့်paddingကြီးထဲထိုးထည့်ပြီးနောက် လမ်းဘေးပလက်ဖောင်းရှိ သစ်သားခုံလေးပေါ်တွင် ချန်းယောလ်ဝင်ထိုင်လိုက်သည်။ ခပ်လှမ်းလှမ်းရှိ တီးဝိုင်းငယ်အား စူးစမ်းချင်မိ၍...။ ဆယ်ကျော်သက်အရွယ်မဟုတ်တော့တာကြောင့် အနည်းငယ်အုံခဲနေသည့်လူအုပ်ထဲကိုတောင် တိုးဖို့အတွက် ချန်းယောလ်စိတ်မပါတော့...။ ဒီနားကနေသာ သီချင်းသံကြားရရင် တော်ပါပြီလေ။
' ပထမဆုံးနှင်းကျတဲ့ ဒီလိုညနေခင်းမှာ မင်းဆီကိုသာ ဖုန်းခေါ်ခွင့်ရမယ်ဆိုရင် ကိုယ်ပျော်မိမယ်ထင်တယ် '
တီးဝိုင်းဆီမှ သီချင်းသံဟာ စတင်ပျံ့လွင့်လာပြီဖြစ်သည်။
' အချိန်က တစ်နှစ်တောင်ကြာသွားပြီဆိုပေမဲ့ ကိုယ်ကတော့ အခုထိအစွဲအလမ်းကြီးနေတုန်းမို့ '
ထိုင်နေမိခဲ့တာကိုပင် ချန်းယောလ်နောင်တရချင်သွားမိသည်။ ဘာလို့ ဒီသီချင်းမှလဲလေ...။
' အထီးကျန်လိုက်တာလို့ တစ်ယောက်တည်းရေရွတ်မိတဲ့စကား '
ခပ်နွေးနွေးဖြစ်နေသောကော်ဖီအား တစ်ငုံသောက်လိုက်ပြီးနောက် အကြည့်တွေအား ကားလမ်းမတဖက်ခြမ်းဆီသို့ပို့ရင်း သက်ပြင်းခပ်ဖွဖွချမိလေသည်။
' (အချိန်တွေကို နောက်ပြန်လှည့်ပြီး...)
လွန်ခဲ့တဲ့တစ်နှစ်ကို ပြန်သွားလို့ရမယ်ဆိုရင် 'ရောင်စုံမီးလုံးလေးတွေချိတ်ထားသည့်ခရစ္စမတ်သစ်ပင်သည် အရောင်အသွေးစုံလင်စွာဖြင့် လှလှပပ။
' (နှလုံးသားကိုနောက်ပြန်လှည့်ရင်း...)
အခု ကိုယ်တို့ပြောင်းလဲနေမလား '
yeah~ အရူးတစ်ယောက်လိုစကားမျိုးဖြစ်ပေမဲ့'
YOU ARE READING
𝐓𝐡𝐞 𝐩𝐚𝐠𝐞𝐬 𝐨𝐟 "𝐚𝐦𝐛𝐢𝐯𝐚𝐥𝐞𝐧𝐜𝐢𝐚"
Fanfiction- At this moment I don't know if I love you or I hate you -