Page - 1

1.2K 145 19
                                    

[ Unicode]

ဒီဇင်ဘာလရဲ့ ညနေခင်းတစ်ခုဟာ မီးရောင်စုံ၊ လူပေါင်းစုံကြား ချမ်းစိမ့်မှုတစ်ခုနှင့်အတူ သက်ဝင်လှုပ်ရှားလျက်ရှိသည်။ တဖြောဖြောကျဆင်းနေသည့်နှင်းစက်တွေဟာ မီးတိုင်၊ မီးလုံးတွေ၊ ခရစ္စမတ်သစ်ပင်တွေပေါ်မှာ အစုလိုက်အပြုံလိုက်။

ပူနွေးနေသည့်ကော်ဖီခွက်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားရာမှ လက်တစ်ဖက်အား ဝတ်ထားသည့်paddingကြီးထဲထိုးထည့်ပြီးနောက် လမ်းဘေးပလက်ဖောင်းရှိ ‌သစ်သားခုံလေးပေါ်တွင် ချန်းယောလ်ဝင်ထိုင်လိုက်သည်။ ခပ်လှမ်းလှမ်းရှိ တီးဝိုင်းငယ်အား စူးစမ်းချင်မိ၍...။ ဆယ်ကျော်သက်အရွယ်မဟုတ်တော့တာကြောင့် အနည်းငယ်အုံခဲနေသည့်လူအုပ်ထဲကိုတောင် တိုးဖို့အတွက် ချန်းယောလ်စိတ်မပါတော့...။ ဒီနားကနေသာ သီချင်းသံကြားရရင် တော်ပါပြီလေ။

' ပထမဆုံးနှင်းကျတဲ့ ဒီလိုညနေခင်းမှာ မင်းဆီကိုသာ ဖုန်းခေါ်ခွင့်ရမယ်ဆိုရင် ကိုယ်ပျော်မိမယ်ထင်တယ် '

တီးဝိုင်းဆီမှ သီချင်းသံဟာ စတင်ပျံ့လွင့်လာပြီဖြစ်သည်။

' အချိန်က တစ်နှစ်တောင်ကြာသွားပြီဆိုပေမဲ့ ကိုယ်ကတော့ အခုထိအစွဲအလမ်းကြီးနေတုန်းမို့ '

ထိုင်နေမိခဲ့တာကိုပင် ချန်းယောလ်နောင်တရချင်သွားမိသည်။ ဘာလို့ ဒီသီချင်းမှလဲလေ...။

' အထီးကျန်လိုက်တာလို့ တစ်ယောက်တည်းရေရွတ်မိတဲ့စကား '

ခပ်နွေးနွေးဖြစ်နေသောကော်ဖီအား တစ်ငုံသောက်လိုက်ပြီးနောက် အကြည့်တွေအား ကားလမ်းမတဖက်ခြမ်းဆီသို့ပို့ရင်း သက်ပြင်းခပ်ဖွဖွချမိလေသည်။

' (အချိန်တွေကို နောက်ပြန်လှည့်ပြီး...)
လွန်ခဲ့တဲ့တစ်‌နှစ်ကို ပြန်သွားလို့ရမယ်ဆိုရင် '

ရောင်စုံမီးလုံးလေးတွေချိတ်ထားသည့်ခရစ္စမတ်သစ်ပင်သည် အရောင်အသွေးစုံလင်စွာဖြင့် လှလှပပ။

' (နှလုံးသားကိုနောက်ပြန်လှည့်ရင်း...)
အခု ကိုယ်တို့ပြောင်းလဲနေမလား '
yeah~ အရူးတစ်ယောက်လိုစကားမျိုးဖြစ်ပေမဲ့'

You've reached the end of published parts.

⏰ Last updated: Jan 09 ⏰

Add this story to your Library to get notified about new parts!

𝐓𝐡𝐞 𝐩𝐚𝐠𝐞𝐬 𝐨𝐟 "𝐚𝐦𝐛𝐢𝐯𝐚𝐥𝐞𝐧𝐜𝐢𝐚"Where stories live. Discover now