" ဒီနေ့အတန်းစောပြီးတာဆိုတော့ တစ်နေနေရာမှာ တစ်ခု ခု သွားစားကြမလား ယံ"
အတန်းပြီးတော့ ဆိုနာ ကကိုယ့်ကိုလှမ်းမေးသည်။
"Sorry Sona! Maybe next time . ဒီနေ့ သွားစရာရှိနေလို့"
"အိုခေ! ဒါနဲ့ နင်ကဘယ်သွားမှာလဲ"
"Jason နဲ့ရပ်ကွက်ရုံးလိုက်သွားဖို့ပြောထားတာ"
Jason နာမည်ကြားတော့ ဆိုနာ မျက်လုံးတွေကအရောင် တွေလက်လာပြီး လူကိုသေသေချာချာလိုက်ကြည့်နေသည်။ အနောက်ကိုလည်းလှည့်ပြီး ရောင်ကိုလည်း လှမ်းပြောနေသေးသည်။ ရောင်ကတော့ထုံးစံအတိုင်းပါပဲ မပြုံးတစ်ပြုံးနဲ့ ဆိုနာပြောတာတွေကိုနားထောင်ပြီး သုံး ခွန်းမှာ တစ်ခွန်းလောက်ပြန်ပြောရှာတာကိုပဲကျေးဇူးတင်ရမလို။အတန်းပြီးတော့ နှစ်ယောက်သားထွက်လာခဲ့သည်။ ဒီအချိန် ဆောင်းဦးရာသီကတော့နေလို့ကောင်းတဲ့အချိန် အရမ်းမအေးသေးသလို ပူလည်းမပူတဲ့ရာသီ။ ဂျပန်မှာက ဆောင်းဦးနဲ့နွေဦးက နေလို့အကောင်းဆုံးအချိန်ပဲဖြစ် သည်။ ကျန်တဲ့နွေနဲ့ဆောင်းကတော့နွေမှာပူသလောက် ဆောင်းမှာအသည်းခိုက်အောင်အေးတာကြောင့် ကိုယ်ကတော့ ဆောင်းဦးနဲ့နွေဦးပဲသဘောကျသည်။
"ဗိုက်ဆာနေပြီးလား တစ်ခုခုအရင်စားချင်လား" ကျောင်းကနေထွက်လာတော့ ကိုယ်ပဲသူ့ကိုစကားစလိုက်သည်။ ဒီအချိန်က နေ့လည်စာစားချိန်လည်းရောက်ပြီးဆိုတော့
"ကျွန်တော်က အဆင်ပြေတယ် တိမ်ယံ ဆာပြီးဆိုရင် အရင်စားကြတာပေါ့"
"အဲဆို အပြန်မှပဲစားကြမယ်လေ၊အေးဆေးစားကြတာပေါ့၊ ဘာအစားအစာစားချင်တာရှိလဲ။ ဂျပန်စာ ပဲစားမလား။"
"ဂျပန်စာမှာ ဘာတွေကောင်းလဲ"
"ဂျပန်စာကတော့ ဆူရှီ တို့ ရာမာန် ကတော့ လူပြောများကြိုက်များကြတဲ့ဟာပေါ့"
"တစ်ခြားကကောဘာတွေရှိသေးလဲ"
"တစ်ခြားဟာတွေလဲအများကြီးရှိပါတယ် အကင်တို့ ရှာပူရှာပူ တို့ ကြည့်ရတာ ရောင်က အစိမ်းစာတွေမစားနိုင်ဘူးထင်တယ်။"
"ဟုတ်တယ် ကျွန်တော်ငါးတွေသိပ်မကြိုက်လို့"
ဆိုတဲ့ပြီးပြောနေတဲ့သူကိုကိုယ်လှမ်းကြည့်လိုက်မိတယ်။ ကြည့်ရတာကမကြိုက်တာထက် စားကိုမစားတဲ့ပုံပေါက် နေတဲ့အနေအထားမှာရှိနေတယ်ဆိုတာကို ကိုယ်တွေးမိပေမယ့်လည်း ဒီအတိုင်းပဲနေလိုက်တယ်။