နောက်တစ်ရက် ဗီဗီယံ ကျောင်းသွားတဲ့လမ်းတစ်လျှောက်လုံး အဆောင် ကနေ ထွက်လာကတည်းက တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိနေသည်။ အကုန်လုံးက သူ့ကို မနှစ်မြို့တဲ့အကြည့်များနဲ့ ကြည့်နေခဲ့တယ်။
သို့သော် ထိုအကြည့်များကို ကျင့်သားရနေပြီဆိုတော့ သူထွေထွေထူးထူး စဉ်းစားမနေခဲ့ပေ။
ကျောင်းပေါက်ဝ ရောက်တဲ့အချိန်မှာ "အပျက်ကောင်"ဆိုတဲ့ စာသားကြီးနဲ့ ကျောင်းမျက်နှာစာမှာ ချိတ်ဆွဲခံထားရသည့် သူ့မျက်နှာကို မြင်လိုက်ရတော့သည်။
ဟိုတယ်ကို သူဝင်သွားတဲ့ပုံ။ အသက်ကြီးကြီးယောကျာ်းတစ်ဦိး တစ်နည်းအားဖြင့် အိမ်တော်ထိန်းချာလီနှင့် စကားပြောနေပုံတွေအားလုံးကို ဓာတ်ပုံရိုက်ယူထားပြီး နောက်တစ်ခြမ်းတွင်တော့ နေရိယနှင့် ဟော့ပေါ့အတူစားနေသည့် ပုံများပင်။ ထို့နောက်တွင် ဓီရမ်ဘို၏ နားနေခန်းကို ပွေ့ခေါ်ခံရတုန်းက ပုံတွေလည်း ရှိနေသည်။
"အယ်လ်ဖာတွေကို ခြူစားနေတာတဲ့၊ အသက်လေးနဲ့မှ မလိုက်၊ ရုပ်ကြည့်တော့ မခုတ်တတ်သလိုလိုနဲ့ ကြောင်သူတော် ကြွက်သူခိုး"
"သူကျောင်းမှာ ရှိနေတာ ကျောင်းကျက်သရေ ညှိုးနွမ်းတယ်၊ ဒီလိုလူမျိုးကို ကျောင်းတက်ခွင့် ဘယ်သူပေးထားတာလဲ"
ဗီဗီယံက ကျောပိုးအိတ်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ကျောင်းဝန်းထဲကို ရှေ့ဆက်ဝင်သွားခဲ့သည်။ သူ့လက်များကတော့ မသိမသာ တုန်ယင်နေ၏။
"ရပ်လိုက်"
သူတစ်ခါမှ မမြင်ဖူးတဲ့အိုမီဂါတစ်ယောက်က သူ့ရှေ့တွင် လာရပ်သည်။
"မင်း ဘာလိုချင်လို့လဲ"
ဗီဗီယံက မပြောင်းလဲသော လေသံဖြင့် မေးလိုက်သည်။
"မင်းလို လူတွေကို ကျောင်းဝန်းထဲအဝင်မခံနိုင်ဘူး၊ တစ်ခါမှ ငါတို့ကျောင်းမှာ မင်းလို အိုမီဂါမျိုး မရှိခဲ့ဖူးဘူး"
"အခု မင်းတွေ့နေပြီမလား ဖယ်တော့၊ ကျောင်းတက်တော့မယ်"
ဗီဗီယံက ကျော်သွားဖို့ လုပ်လိုက်တဲ့အခါ သူ့ပခုံးကို ထိုလူက ဆွဲလိုက်လေသည်။ ဗီဗီယံလည်း နောက်ကို အသာဆုတ်၍ ထိုအိုမီဂါအား မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်လေတော့သည်။