Chapter 1 : Two People, One God, Isekai?
ကြီးကျယ်တဲ့ စာလုံးတစ်ခုနဲ့ ဒီဇာတ်လမ်းကို စတင်ရမယ်ဆိုရင် ' လောကကြီး ' ဆိုတဲ့ စာလုံးကို သုံးပါရစေ။
လောကကြီးမှာ အမြဲတမ်း တစ်ဖက်သတ်ဖြစ်နေတဲ့အရာဆိုတာ မရှိဘူးလို့ ပြောကြတယ်။
အမြဲတမ်းမှာ အစွန်းဆိုတဲ့တည်ရှိမှုတွေရှိနေပေမယ့် အဲ့တာတွေရဲ့ ကြားမှာ ကျွန်တော်တို့ လူသားတွေဟာ တည်ရှိနေတယ်။လူသား ဆိုတာကို အနက်ဖွင့်ရင်တော့ အဆုံးမရှိတဲ့စာကြောင်းတွေဖြည့်နေရလိမ့်မယ်။
အဲ့တာကြောင့် ဒီနေရာမှာတော့ တစ်ခြား စကားစုကိုအဓိပ္ပါယ်ဖွင့်ကြည့်ရအောင်။" သူရဲကောင်း " ဆိုတာ ဘယ်လိုလူကိုခေါ်တာလဲ?
လူအများကြီးရဲ့ အသက်တွေကို ကယ်တင်တဲ့သူကိုလား...?
လောကကြီးတစ်ခုလုံးကို ကာကွယ်ပေးထားနိုင်တဲ့သူကိုလား...?
ကောင်းမွန်ခြင်းအရာရာပြည့်စုံပြီး အားလုံးရဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့သူကိုလား...?လူတိုင်းအတွက်တော့ " သူရဲကောင်း " ဆိုတဲ့ စကားဟာလည်း အနက်အမျိုးမျိုး ဖွင့်နေမိလိမ့်မှာပါ။
ကျွန်တော့်ကို မေးမယ်ဆိုရင်တော့ ရှင်းရှင်းလင်းလင်း တစ်ခွန်းပဲဖြေမယ်။" ဘာကိုမှ စတေးမခံပဲ အရာရာကို ဖြေရှင်းနိုင်ပြီး အားလုံးကို ကာကွယ်နိုင်ကာ အသက်တွေတိုင်းကို ကယ်တင်တဲ့သူမျိုး " လို့ မြင်မိတယ်။
အဲ့တော့ ' သင်ဟာ သူရဲကောင်းဖြစ်ချင်သလား ' ဆိုတဲ့ မေးခွန်းမေးရင် မိမိသတ်မှတ်ထားတဲ့ Standard ကို မမှီနိုင်တဲ့အတွက် ' ဖြစ်လည်း မဖြစ်ချင်သလို မဖြစ်နိုင်ဘူး ' လို့ ဖြေရလိမ့်မယ်။
ကျွန်တော်ဟာ တစ်ကိုယ်ကောင်းသမား ဖြစ်တယ်။
အခြားအရာတွေထက် မိမိကိုယ်ကို ဦးစားပေးတယ်။ ဒါကို ရှက်စရာကောင်းတဲ့အရာ, အောက်တန်းကျတဲ့လုပ်ရပ် လို့လည်း ကိုယ့်ကိုကိုယ် မသတ်မှတ်ထားဘူး။လူသားတွေဟာ မပြည့်စုံတဲ့သက်ရှိတွေ ဖြစ်ကြပြီး
ပြီးပြည့်စုံခြင်းဆိုတဲ့ Ideal တွေဆီကို ကြိုးစားပြီးချဥ်းကပ်နေကြသူတွေဖြစ်တယ်။
လူသားတွေအတွက် Judgment ဆိုတဲ့ စီရင်ခွင့်ဟာ လူသားတွေလက်ထဲမှာပဲ ကိုင်ထားကြတာဖြစ်တယ်။
အားလုံးကို ကာကွယ်ဖို့အတွက် Law ဆိုတဲ့ စည်းမျဥ်းတွေကို အားလုံးစုပေါင်းပြုလုပ်ကြပြီး အဲ့ System ရဲ့ Boundary ထဲမှာ နေထိုင်ကြတယ်။
Universe ကြီးထဲမှာ ပြီးပြည့်စုံတဲ့ Perfect System ဆိုတာမရှိသလိုပဲ လူသားတွေရဲ့ Judgment ဟာလည်း ပြီးပြည့်စုံတဲ့ System တစ်ခု အမြဲတမ်း မဖြစ်နေခဲ့ဘူး။
ဒီအတွက် ပဋိပက္ခတွေဖြစ်ကြတယ်, အချင်းပွားမှုတွေ, တိုက်ခိုက်မှုတွေဖြစ်ကြတယ်။
အားလုံးရဲ့ တကယ့်ရည်ရွယ်ချက်ဟာ ပိုကောင်းတဲ့, ပြီးပြည့်စုံတဲ့ System အနားကို ရောက်ရှိတဲ့ Judgment မျိုး။
ဒါမျိုးကိုယူလာပေးနိုင်မယ့်သူက " သူရဲကောင်း " ဖြစ်နိုင်မလားဆိုတာတော့ ကျွန်တော် မသိဘူး။
YOU ARE READING
Who Is The Hero? (Dare ga Yuusha?)
AdventureIsekai ဆိုတဲ့ အခြားလောက တစ်ခုကို သွားပြီးတော့ ဘဝသစ်တစ်ခုရှာတဲ့ လူတစ်ယောက်အကြောင်းပါ။ ဒါပေမယ့် မြင်တွေ့နေကျ အီစီကလီ Harem တွေ, Overpower Mc တွေ မဟုတ်ပဲနဲ့ လောကကြီးရဲ့ ဇာတ်လိုက် မဟုတ်တဲ့နေရာမှာ ရှိနေမယ့် ဇာတ်လိုက်ကို မြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် စရေး...