Welcome to A.O.B World
Part11ထိုနေ့မှစ၍ဂျောင်ကုနဲ့ထယ်ယောင်းကြားမှာ အချစ်များနှင့်သာပြည့်လျက်။ဂျောင်ကုမှာလဲထယ်ယောင်းအဖေအားလက်စားချေရန်ကိစ္စကိုမရှိသလိုသာနေခဲ့တော့သည်။ ဘာလိုလိုနဲ့ထယ်ယောင်းတောင်၁၈နှစ်ပြည့်ခဲ့ပြီလေ။ ဒီကြားထဲ Heatတောင်ဘယ်ချိန်တက်သွားမှန်းမသိ။ ဂျောင်ကုကလဲအားရင်အားလိုကို သူ့အားအလွတ်မပေး။
စားဖို့ပဲကြံနေသည်။ systemနဲ့လဲအဆက်သွယ်မရတာတော်တော်ကြာပြီ။ဟိုဖက်ကမ္ဘာကိုမပြန်ချင်တော့ပေမယ့် အဲ့ဖက်ကမ္ဘာကကိုယ်ခန္ဓာအားသေလျှင်လဲ ကောင်းကောင်းမွန်မွန်လေးတော့လုပ်ပေးစေချင်ပါသည်။ဂျောင်ကုသည်လဲအလုပ်နဲ့အိမ် အိမ်နဲ့အလုပ်အမြဲနှစ်ပါးသွားနေရသည်။ လွတ်လွတ်လပ်လပ်တွေ့ရချိန်ဆိုတာ အလုပ်ပိတ်ရပ်နဲ့ ညဖက်တေသာဖြစ်သည်။ ညဖကိတောင်မှ သူအလုပ်တေအိမ်သယ်လာလျှင် ထယ်ယောင်းနဲ့စကားကောင်းကောင်းမပြောဖြစ်။
Mr.kim မှာလဲ သူ့အားအမြဲငွေလာညစ်နေသောကောင်ကြောင့်ရှိစုမဲ့စုလေးတေလဲပြောင်သလောက်ရှိပြီ။သားမက်ဂျောင်ကုကကူညီတယ်ဆိုရင်လဲအတိုင်းထက်အလွန်မတောင်းရဲ။ကိုယ့်မာနနဲ့ ကိုယ်မလား။ကိုယ့်စတဲ့ပြသနာမို့ကိုယ့်ဟာကိုသာရှင်းရန်သာ။ထယ်ယောင်းဒီနေ့သူ့အဖေကုမ္မဏိကိုသွားရန်ဂျောင်ကုအားခွင့်တောင်းပြီးသားဖြစ်ကာဂျောင်ကုကလဲ သူကိုယ်တိုင်လိုက်ပို့ပြီးမှအလုပ်သွားရန်စီစဉ်ထားသည်။
"ထယ်ရေ ကိုတို့သွားရအောင်လေ နောက်ကျတော့မယ်"
"ဟုတ်ကိုကိုလာပြီ"
အိမ်ပေါ်ထက်မှပြေးဆင်းလာသော omegaလေးမှာ ခန္ဓာကိုယ်ကမိန်းခလေးရှုံးအောင်လှပါတယ်ဆိုဝတ်ထားတဲ့ ကိုယ်ကျပ်ဝတ်ဘောင်းဘီကလဲ ခါးသွယ်သွယ်အားပိုပေါ်အောင်လုပ်ပေးနေသယောင်။ဂျောင်ကုပါးစောင်အားလျှာဖြငိ့ထိုးရင်းသာထယ်ယောင်းကိုကြည့်နေမိသည်။
YOU ARE READING
Welcome To Omegaverse
WerwolfWelcome to A.O.B...world Intro " ကျွီ ဒုန်း"ဟူသောကားတိုက်သံကြီးနဲ့အတူ ထယ်ယောင်းကိုင်ဆောင်ထားတဲ့စာအုပ်လေးလဲလွင့်စင်သွားကာ ထယ်ယောင်းသည်လဲ ကတ္တရာလမ်းပေါ်သို့ သုံးပတ်လောက်လိမ့်ထွက်သွားသည်။ 'သွားပြီ ငါသေလို့မဖြစ်သေးဘူး မိန်း...