42 2 0
''ဒင်း..ဒေါင်''
စာအုပ်ဖတ်နေရာမှ မက်ဆေ့ဝင်လာသော ဖုန်းဆီသို့ အကြည့်ပို့လိုက် မိသည်။
'ဘယ်သူများပါလိမ့်' ဟူသောအတွေးနှင့်
အိပ်ယာထက်ချထားသော ဖုန်းကိုလှမ်းယူကြည့်မိလိုက်သည်။
''ဟေ့ ဆောင်းယောလ် ငါတို့ဒီဟောလိုးဝင်းအကြိုနေ့ ဘယ်သွားကြမလဲ''
ဆောင်းယောလ် နှုတ်ခမ်းစွန်းတို့ အပေါ်သို့ ကွေးတက်သွားမိသည်။
ဤစာက​လေးကား သူတိတ်တခိုးသဘောကျနေရသူ တဖြင့်လဲ ငယ်သူငယ်ချင်း ဝူယောင်း ထံမှဖြစ်သည်။
''ဘယ်ကိုသွားကြရင်ကောင်းမလဲ'' ဟုစဉ်းစားရင်းဖြင့် ယနေ့ဟောလိုးဝင်းအကြို ပြုလုပ်မည့် အီထယ်ဝန် ကိုသတိရသွားမိသည်။
သူငယ်ချင်း အချို့တောင် အီထယ်ဝန် သွားကြမည်ဟု Group chat ထဲတွင်ပြောနေကြသည်ကိုတွေ့မိသည်။
ပြီးနောက် အီထယ်ဝန်သည် ဆောင်းယောလ်တို့နေထိုင်ရာမြို့နှင့်လဲနီးသည်။
''ဝူယောင်း ငါတို့ အီထယ်ဝန်ကိုသွားကြမလား
ဘယ်လိုသဘောရလဲ?''
ခဏအကြာတွင် ဝူယောင်းဆီမှ ပြန်စာပို့လာသည်။
''ကောင်းသားပဲ ဒီနေ့အဲဒီမှာ "ပျော်ပွဲရွှင်ပွဲ'' ရှိတယ်လို့ငါကြားထားတယ်''
''ဒါနဲ့ ငါဟောလိုးဝင်းနဲ့ပတ်သတ်ပြီးဖတ်မိတာတစ်ခုရှိတယ်
ခေါင်းစဉ်က ''သရဲဝတ်စုံဖြင့် သရဲမောင်းခြင်း'' တဲ့။
ဖတ်ကြည့်တာကြက်သီး ပါထတယ် ''
စကားစမပြတ်ချင်သေး၍ နေ့လည်က အင်စတာဂရမ်တွင် ဖတ်မိသည့် ဟောလိုးဝင်းအကြောင်းနှင့်ပတ်သတ်ပြီးပို့လိုက်မိသည်။
ခဏအကြာမှာပဲ ပြန်စာရောက်လာခဲ့သည်။
သို့သော်ဝူယောင်းက ဆောင်းယောလ်ကြောက်တတ်သည်ကိုလှောင်သလို
ခနဲ့တဲ့ လှောင်ပြုံး အီမိုဂျီပါပါလိုက်သေးသည်။
''မင်းကသတ္တိနည်းတာကိုး ဟားဟား''
''မင်း...ခ.ျီး ကိုမှပဲ....''
ဆောင်းယောလ် စိတ်မဆိုးပဲ စိတ်ဆိုးချင်ယောင်ဆောင်လိုက်သေးသည်။
ပြီးတော့လည်း စကားထပ်ပြောချင်သေးသည်မို့
''ဝူယောင်း မင်း ဟိုတစ်ခါကလို ''ဒရက်ကူလာဝတ်စုံ'' ကြီးဝတ်ချမလာနဲ့နော် မင်းအဲ့ဒါကြီး ဝတ်ချလာရင် ငါမင်းကိုမသိချင်ယောင်ဆောင်နေမှာ''
Oneshot collection by Saw Hnaung WaiWhere stories live. Discover now