တွဲသောလက်တို့မြဲစေသော်(uni)

5 1 0
                                    

တွဲသောလက်တို့မြဲစေသော်

တစ်ခုသော မိုးရာသီလေးမှာပေါ့ သူမနဲ့သူတွေ့ဆုံခဲ့ကြတယ်။
ကံတရားရဲ့ကျီစယ်မှုကြောင့်ထင်ပါရဲ့ ။
လူတွေအများကြီးထဲကမှ သူတို့ကလာတွေ့ဆုံကြသတဲ့။
သူတို့ရဲ့ပုံပြင်လေးဟာ၂၀၁၉ရဲ့၆လပိုင်းလေးမှာစတင်လာခဲ့ပါသတဲ့။
ခြောက်တန်းကျောင်းသားလေးနဲ့ကျောင်းသူလေး
သူတို့ရဲ့ပုံပြင်လေးကတော့''နှစ်လိုဖွယ်ကောင်းသော'' လေးတွေနဲ့ပြည့်နှက်နေလေရဲ့....။
~~~~~~~~~~~~~~~~~~

''ကဲကဲ သားတို့သမီးတို့ ဆရာမပြောချင်တာကလေ
အရာရာဂရုစိုက်ကြပြီးဘုရားတရားလုပ်ဖို့လဲမမေ့ကြနဲ့။
ဘာပဲ ဖြစ်ဖြစ် ဘုရားတရားလေးလုပ်တော့ ကျရောက်မဲ့ဘေးကအနည်းဆုံးသက်သာရာရကြတာပေါ့ကွယ်
ကဲအခု လူစစ်ကြည့်မယ်''

ကျောင်းသားကျောင်းသူတို့၏အရှေ့တည့်တည့်မှ အတန်းပိုင်ဆရာမဒေါ်ခင်ဆွေရီက
တစ်ယောက်ချင်းဆီနာမည်ခေါ်၏။

''အောင်မြင်သစ်''

ထိုနာမည်ခေါ်ချိန်ထိုင်
အလယ်ရိုး(role)လေးတန်းမြောက်မှ
ကောင်ကလေးကထလာကာပြောသည်။
တစ်တန်းလုံး၏ အာရုံစူးစိုက်မှုများက
ထိုကောင်လေးထံသို့ရောက်ရှိလာ၏။

''ဆရာမ အောင်မြင်သစ်ကခွင့်တိုင်လိုက်ပါတယ်ခင်ဗျ။''

''ကျောင်းပထမဆုံးနေ့ကြီးကိုဘယ်လိုဖြစ်တာတုန်း''

''ဟိုသူကလေ
စက်ဘီးစီးလာရင်း ရပ်ထားတဲ့ကားကိုဝင်တိုက်မိတာ
မြောင်းထဲ ပြုတ်ကျလို့ပါဗျ။''

''အော်
အခုလေးတင်ဒီလိုမတော်တဆတွေမဖြစ်အောင်ဘုရားတရားလုပ်ခိုင်းနေတာာကို''

ဆရာမ၏စကားအဆုံးတွင် တိုးတိုးတိတ်တိတ်ပြုံးရယ်နေကြရာမှတစ်တန်းလုံး ဝါးလုံးကွဲရယ်ချကြတော့လေသည်။

~~~~~~~~~~~~~~~~~~~~~~
နေ့လည်ထမင်းစားဆင်းသော်🌻🌻

''ဟဲ့ မိသူဇာမ နင်ဘယ်သွားမလို့တုန်းထမင်းမစားဘူးလား''

''ဟီး...ငါ..ငါ့ကောင်လေးနဲ့သွားတွေ့မလို့''
ချောနွယ်လည်း အပြင်ထွက်ရန်ခြေလှမ်းပြင်နေပြီးဖြစ်သော သူဇာမော်ကိုကြည့်ကာခေါင်းသာတစ်ချက်ခါမိ၏။
စိတ်ထဲတွင်လည်း တိတ်တဆိတ်ငိုကြွေးနေသည်။
'အင်းပေါ့လေ၊အင်းပေါ့ သူကဘဲ ကြီးငုတ်တုတ်နဲ့ဆိုတော့ ငါ့လိုဘီအပ်အပ်(bff)ကြီးကိုတောင်ပလစ်ပြီပေါ့လေ
''ရည်းစားမရှိတဲ့နှစ်တစ်ထောင်fa''လေးငါ့ရဲ့ဘဝက အထီးကျန်ဆန်လှပါတယ်လူတွေရယ်'

You've reached the end of published parts.

⏰ Last updated: Dec 11, 2022 ⏰

Add this story to your Library to get notified about new parts!

Oneshot collection by Saw Hnaung WaiWhere stories live. Discover now