Ep.6

87 7 0
                                    

မနက် ၇နာရီမှာ သဇင်၊လဝန်းနဲ့ ခင်ခင် အရင်နေရာမှာဘဲ တွေ့ဆုံကြတယ်။

"ဟဲ့..ပြောစမ်းပါအုံး အကြောင်းအရာလေးတေ။"

"အေဟယ် နင်ဂျပန်သွားမယ်တဲ့လား သဇင်ရယ်။"

"အင်း ငါတို့ဒီတစ်ခေါက် ေနာက်ဆုံးတွေ့ဆုံ ခြင်းဘဲ"

"အီးးးးးး"

ဝန်းက နေနေရင်ူငိုလာသောကြောင့် သဇင်နဲ့ခင်ခင် လန့်သွားကြတာပေါ့။

"ဟင် ဝန်းဘာဖြစ်နာလဲ ဘာလို့ရုတ်သရက်ကြီး ထငုိတာလဲ"

"ဟင့် သဇင်နင်ငါ့ကိုထားခဲ့ တော့မှာပေါ့နော် ငါ..ငါနင်တို့မရှိဘဲ မနေချင်ဘူး ဟင့် တောင်းပန်ပါတယ်မသွားပါနဲ့"

သဇင် ကြက်သေသေသွားလေသည်။မနေ့က သူမပြောတာ ဘာမဖြစ်သလိုနဲ့ အခုတော့ လူလယ်ခေါင်မှာ အော်ငိုနေသောမိဝန်း လေးပါ။

"ဟဲ့ လဝန်း ငိုတာရပ်နော့ဟယ်။"

သဇင်တားလိုက်မှ ခင်ခင်ကလည်း ထငုိပါလေရော။

"အီးးးးး မနေ့ကမှ ကောင်းကောင်းကြီးရိသေးနာ သနားစရာ ငါ့ငယ်ချင်းသဇင်"

"ဟာနင်တို့ကလည်း ငိုမနေပါနဲ့တော့ ငါရှိပါသေးတယ်လေဟယ်"

သဇင်ပြောမှ နှစ်လုံးငိုတာရပ်သွားလေတယ်။

"အော်ဟုတ်သား နင်ရှိသေးတယ် ဒါနဲ့နင်ကျောင်းမနေတော့ဘူးလား ဟင်"

"ငါဟိုမှာဘဲ ဆက်နေလိုက်ပ့မယ်"

"ဒါ..ဒါနဲ့ နင်ငါတို့ကို မေ့မသွားဘူး၊ထားမသွားဘူးလို့ ကတိပေးရမယ်နော်"

"အင်း ငါသဇင်ဖူးက ငါ့ငယ်ချင်းတွေကို ထားမသွားဘူး၊မေ့မသွားဘူးလိူ့ ကတိပေးတယ်"

************(ယခုအချိန်)
"ဟက် လေးနှစ်တောင်ကြာသွားပီဘဲ သူတို့လေးတွေနဲ့အဆက် အသွယ်မလုပ်တာ"

ဟုတ်ပါတယ် သဇင်က သူတို့နဲ့အဆက်အသွယ် ဖြတ်တာမဟုတ်ပါ။အဆက်အသွယ် မရတာပါ။

"ဟင်းးး ငါနင်တို့ကို သတိရတယ်ဟာ ငါမကြာခင်ပြန်လာမှာပါ "

သဇင်တစ်ယောက်ထဲပြောရင် ဖူန်းဝင်လာလေသည်။

အချစ်ဦးမဟုတ်သောချစ်ဆုံးWhere stories live. Discover now