အလုပ်က ပြန်လာ မိုးချုပ်တဲ့နေ့ လေး 8လွှာ ဆိုတဲ့ အမြင့် တိုက်ပေါ်တက်ပြီး အိမ်တခါးဖွင့်တော့ ကို အိမ်မှာ ရောက်နေပြီ
မောမောနဲ့ အိမ်ထဲဝင်ရင်း ကို က လိမ္မော်ရေလေး အသင့်ဖျော်ထားပေးတယ်
ကို ဖျော်ပေးတဲ့ လိမ္မော်ရေလေးသောက်ပြီး အခန်းထဲ ဝင် အဝတ်ထားလဲ ပြီး
Babi မျက်လုံးမှိတ်ဆိုပြီး မျက်လုံးကို အဝတ်လေး စီးလိုက်တယ် လက်ကလေးကိုဆွဲ သူခေါ်သွားတာတော့ ဝရံတာကိုပါ ရုတ်တရက် စဉ်းစားမိ ခုအိမ်ရောက်ထဲ က ဝရံတာတံခါး မဖွင့်မိဘူး
ဝရံတာ တခါးလဲ ဖွင့်ပြီးတော့ အဝတ်စလေး ဖွင့်လိုက်တော့ အပြင်ဖက် လိုက်ကာ ခရမ်းရောင်လေး အပြည့် ကာထားပြီး သီတင်ကျွတ်သလို ရောင်စုံ အလှမီး အသဲပုံ ဖော်ထားတယ်
ပြီးတော့ ပလပ်စတစ် ဖျာလေး တချပ်ခင်းပြီး ခေါင်းအုံးလေး တလုံး ထားထားတယ် ခြေရင်းဖက် စားပွဲအသေးလေးပေါ် နှင်းဆီပန်းအနီရောင်စည်းနဲ့ ဝိုင်နှစ်ခွက် ဝိုင်ပုလင်း
တင်ထားတယ်
ဝမ်းသာပြီးပျော်သွားတယ် ဘာနေ့မို့လို့လဲ အစမ်းကြီးလို့ မေးမိတော့ suprise လုပ်ချင်လို့တဲ့ဝိုင်သောက်ရင် သူက ဂီတာတီး အတူတူ သီချင်းဆိုကျတယ်
ဆိုရင်းမောတော့ ခင်းထားတဲ့ အိပ်ယာထဲ လှဲကျတယ် သူက ခေါင်းအုံး ကိုက သူ့လက်မောင်းပေါ် အိပ်တယ်
စကားပြောရင်း ပြောရင်းနဲ့ အိပ်ပျော်သွားပါလေရော
နေမင်းကြီးက ထွက်ပေါ်လာ လိုက်ကာကြောင့် အလင်းမဆူးပေမယ့် အလင်းရောင်လေးခံစားမိ အပြင်ဖက် တေးသီငှက်သံ ချိုချိုလေး ကြာရ
မျက်လုံး မဖွင့်ပေမယ် နှတ်ခမ်းက ပြုံးမိ ဖက်မိဖက်ရာဂာလေ ဖက်လိုက်တာ ညတိုင်းဖက်နေကျ ဖက်လုံးလေး ဖြစ်နေတယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ အိပ်နေကျ ကို့ အိမ်ရာလေးပေါ်မှာပေါ့......
ဪ ......
ကြည်နူး Romance ဆိုတာ ဝတ္တုစာအုပ် ၊ဇာတ်ကားနဲ့ အိမ်မက်ထဲ ပဲ ရှိတာကို
အပြင်မှာတော့.......
စိတ်ကူးနဲ့ လက်တွေ့ဆိုတာ အဝေးကြီးမှာThe end
ဆုံးထိဖတ်ပေးတဲ့တွက် Thank U 🥰