မနက်ခင်းတစ်ခုရဲ့အလင်းရောင်လေးကအပြာရောင်လိုက်ကာလေးနဲ့
ထပ်တူကျကာ အရောင်မှာလည်းကြည့်လိုက်လျှင်မျက်လုံးအေးသွား
စေမည့်အရောင်လေးပင်ဖြစ်သည်။ထယ်ယောင်းရဲ့အမေဖြစ်သူ ဒေါ်ကင်မ်မယ်ရီထယ်ကအပြာရောင်
လိုက်ကာလေးကိုအသာလေးဆွဲကာ သားဖြစ်သူကင်မ်ထယ်ယောင်း
ကိုနိုးလိုက်သည်။အခုမှကျောင်းစတက်မှာမို့နောက်ကျလို့မဖြစ်ချေ။"သား..ထယ်ယောင်းလေး ထတော့ ကျောင်းသွားရအုံးမယ်လေသားရဲ့"
မနက်အစောကြီးရှိသေးလာနိုးသောအမေ့ကိုတစ်ချက်ကြည့်ကာမထချင်
ထချင်ဖြင့်ထလိုက်ရသည်။"အွန်း သားရေချိုးပြီးဆင်းလာခဲ့မယ်မေမေ"
"ဟုတ်ပြီ..အကြာကြီးမချိုးနဲ့အုံးနော် အအေးပတ်နေမယ်"
"ဟုတ်ကဲ့ပါခမျာ"
ထယ်ယောင်းဆိုသည့်လူဆိုသည်မှာမွေးရာပါဖြစ်တဲ့အပြာရောင်ဆံနွယ်
လေးတွေရှိကာ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိပြီးနှာတံထိပ်တွင်မဲ့သေးသေး
လေးတစ်လုံးရှိသည်ဖြစ်ကာ နှာတံစင်းစင်းလူငယ်တစ်ယောက်ဖြစ်သည်။သူ့အဖေဖြစ်သူကလွန်ခဲ့တဲ့2နှစ်တုန်းကဘဲဆုံးပါးသွားခဲ့ပြီဖြစ်သည်။
မေမေသည်ယခုတွင်အချစ်နောက်တစ်ခုရှာတွေ့ခဲ့သည်ထင်ပါရဲ့မကြာခင်
မှာအဖေသစ်တစ်ယောက်ရလာခဲ့သည်။ မေမေနှင့်သူ့ကိုကြင်နာစွာဆက်ဆံ
ပေးပေမဲ့မေမေ့နောက်ကွယ်တွင်ထယ်ယောင်းကိုနှိပ်စက်နေသော်လူဖြစ်သည်။ရေချိုးပြီးတာနဲ့အင်္ကျီအ၀တ်အစားလဲကာအောက်ဆင်းလာလိုက်သည်။
ထိုအခါမေမေ့ကိုတွေ့သည်သူ့အတွက်မနက်စာပြင်ပေးနေတဲ့မေမေသည်
ပျော်ရွှင်နေသဖွယ် တစ်ခါတလေသိစေချင်မိပါရဲ့ အဖေသစ်ဆိုတာထင်
သလောက်မကောင်းဘူးဆိုတာကိုပေါ့"မေမေလက်ရာကသာကမ္ဘာပေါ်မှာအကောင်းဆုံး"
ပလုတ်ပလောင်းစားနေတုန်းလက်မလေးထောင်ကာပြောနေ
သော်ထယ်ယောင်းဆိုသည့်လူမှာချစ်စဖွယ်ရာအတိ။"အွန်းပါသား..ကျောင်းမှာစာကောင်းကောင်းလုပ်နော် သူငယ်ချင်း
အသစ်တွေလည်းရှာပေါ့သားရယ်"
YOU ARE READING
* you are mine *
Action"ခနနေအုံး!" "ဟင်?" "ဒီနေ့ကစပြီးမင်းကငါ့အပိုင်ဘဲဆံပင်အပြာရောင်နဲ့ကောင်လေး"