၁၁ 🤏

409 18 0
                                    

A little warning ⚠️ပါမယ်နော် မကြိုက်တဲ့သူတွေ ကျော်လို့ရအောင်ပါ

'ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ တစ်နေကုန်ပင်ပန်းထားတာ မနားချင်ဘူးလား'
'ပင်ပန်းပေမယ့် ဒါကဒါ ဟိုဟာကဟိုဟာပဲ'
'ဟာ ဘာလို့ အတင်းဖက်နေတာလဲ လွှတ် အင့် ပြွတ်'
'ကိုယ့်နဲ့နမ်းရတာ မကြိုက်ဘူးလား ကြည်ပြာလေးက ဟင်'
'ဘယ်သူ့နဲ့မှ နမ်းရတာမကြိုက်ဘူး'
'ကိုယ့်အပြင် တခြားနမ်းဖူးသေးတယ်ပေါ့'
'ဘယ်သူက ကျွန်တော့်ကိုလာနမ်းမှာလဲ ခင်ဗျားတစ်ယောက်ပဲ'
'ဟားဟားဟား ရှက်သွားပြန်ပြီကွာ ကိုယ်တို့ ဒီနေ့လက်ထပ်ပြီးတာသိတယ်ဟုတ်'
'လူတိုင်းသိတာပဲကို'
'အင်း ကြည်ပြာလေးက ကိုယ့်ကိုမရှက်နဲ့တော့လေကွာ ကိုယ်တို့က ခန္ဓာကိုယ်ချင်းလည်း အကြိမ်ကြိမ်ဆက်ဆံ'
'ဟာ ခင်ဗျား ရှက်စရာကောင်းတာတွေပဲ ပြောနေမှာလား ဘာအကြိမ်ကြိမ်လဲ နှစ်ကြိမ်တည်းကို'
'နှစ်ကြိမ်ပဲရှိသေးတာလား ကိုယ်ကအကြိမ်ကြိမ်ထင်နေတာ ကိုယ်ကြိုးစားပါ့မယ်'
'ဘာကိုလဲ ဟင့်အင်း ခင်ဗျားလက်က ဘယ်လာပွတ်နေတာလဲ'
'ကိုယ့်ကို ဒီညပေးရင် နောက်ည‌တွေမလုပ်တော့ဘူး ကတိပေးတယ်'
'တကယ်လား မလိမ်နဲ့နော်'
'တကယ်ပေါ့ ကတိ ကတိ'
သန့်စင်သော်ပုံစံက အတည်ကြီးဖြစ်နေသဖြင့် ကြည်ပြာလည်း ရဲရဲနီနေသော မျက်နှာလေးဖြင့်
'အင်းပါ ဒါဆိုလည်း ဒီညတော့ ကြည်ဖြူပေးလိုက်မယ်'
'ကိုယ့်မိတ်လေးက ချစ်စရာအကောင်းဆုံးပဲ'
ထို့နောက် မင်္ဂလာဦးအခန်းထဲ အသက်ရှူသံပြင်းပြင်းနဲ့ နားရှက်ဖွယ်အသံများထွက်လာတော့သည်။

နှစ်လကြာပြီးနောက်
'သား မင်းမွေးနေ့‌ရောက်တော့မှာ ပြင်ဆင်စရာရှိတာတွေ ပြင်ပြီးပြီလား'
'ဟုတ်အဖေ နေ့ဘက်က ဆရာတို့ဆီသွားပြီး သစ္စာပြုပွဲလုပ်ရမှာ ခေါင်းဆောင်လက်မှတ်ပြောင်းမယ့်စာရွက်စာတမ်းတွေအတွက် ရှေ့နေအဖွဲ့နဲ့တွေ့ရမယ်'
'ပွဲကရော ညဘက်လုပ်မှာလား'
'ဟုတ် အဖေ့ဟိုတယ်မှာ ဘိုကင်လုပ်ထားပြီးသား'
'အေး လူငယ်တွေပဲဆိုတော့ အရမ်းမသောက်ကြနဲ့ မင်းက ခေါင်းဆောင်ဖြစ်လာမှာ တာဝန်တွေကြီးလာပြီ မောင်စုမေကို,ကိုလည်း မင်းက အပြည့်အဝစောင့်ရှောက်ရမှာ'
'စိတ်ချပါ ကျွန်တော်နားလည်ပါတယ် ကိုကို့ကို မှဲ့တစ်ပေါက်တောင်အစွန်းမခံနိုင်ပါဘူး'

Let's make love tonight🌝Where stories live. Discover now