Chapter(12)

692 177 24
                                    

Unicode

အခန်း(၁၂) - သောက်ကျိုးနည်း ခိုးဝင်သူတွေ!

ထိုပွေးကြီးက သူ့ရဲ့ ထက်ရှသော လက်သည်းများဖြင့် မီးခြစ်ဆံ၏ ထိပ်အား ခြစ်လိုက်လေသည်။ မီးခြစ်ဆံ၏ နီရဲရဲ ခေါင်းထိပ်ကနေ မီးပွားများ ထွက်လာခဲ့ကာ မီးခြစ်ဆံတစ်ခုလုံး မီးဆွဲသွားသည်။ ပွေးကြီးက မီးခြစ်ဆံအား မြေပေါ်ချ၍ ကြက်ဆင်အား ယူလိုက်ကာ ထိုမီးခြစ်ဆံအပေါ်မှာထားလိုက်ပြီး တဖြည်းဖြည်းချင်း ကင်လိုက်သည်။

တက္ကသိုလ်ကျောင်းသူလေးကတော့ ဂူထောင့်ဆီပြေးသွားကာ စားဖိုမှူးအားစစ်ဆေးကြည့်လိုက်သည်။ သူက ပြန်မော့ကြည့်ပြီး ပြောလာ၏

"သူအဆင်ပြေတယ်, သတိမေ့နေရုံပဲ"

ထန်မော့နဲ့ လီဝမ်တို့က လီပင်းကို ထူမလိုက်ကြသည်။

သတိလစ်နေသည့် စားဖိုမှူးကလွဲရင် ကျန်တဲ့ ခြောက်ယောက်က ပွေးကြီးနဲ့ အဝေးဆုံး တစ်နေရာမှာ သွားထိုင်နေလိုက်ကြသည်။

သို့သော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် မြေအောက်ဂူ၏ ဧရိယာက အကန့်အသတ် တစ်ခုတော့ ရှိနေသည်သာ။ မီးခြစ်ဆံမှ မီးလောင်နေသည့် တစ်ရှဲရှဲ အသံနှင့် ကြက်ဆင်သား၏ မွှေးပျံ့သော အနံ့ကတော့ ရှောင်ရှားမရစွာ ပျံ့လွင့်နေဆဲပင်။

ဆီများက ကြက်ဆင်သားပေါ်ကနေ တောက်ပသည့် မီးတောက်ပေါ်သို့ တစ်တောက်တောက် ကျနေသည်။

ထန်မော့သည် ဤမျှအရသာရှိသော ရနံ့အား တစ်ခါမှမရဖူးပေ။ ကြက်ဆင်သားသည် မည်သည့် ဟင်းခတ်အမွှေးအကြိုင်မှ မပါပဲ မီးခြစ်ဆံဖြင့် အဖြူထည်ကြီး ကင်ထားသည့်တိုင် တမူထူးခြားသော အသားကင်ရနံ့က အားလုံး၏အနံ့ခံအာရုံကို နှိုးဆွနေခဲ့သည်။

မီးခြစ်ဆံကြီး၏ မီးတောက်ကလည်း ဂူတစ်ခုလုံး ဖြန့်ကျက်နေခဲ့တာကြောင့် ကြက်ဆင်သား၏ အသွင်အား ပိုမိုရှင်းလင်းစွာ မြင်နေရ၏။ ဆီတစ်စက်စက် ကျနေသည့် အသား, အနည်းငယ် ဝင်းနေသည့် အရေခွံ, မီးတောက်ကြောင့် တစ်ဖြစ်ဖြစ် မြည်နေသည့် အရေခွံကြွပ်သံသည် လူခြောက်ယောက်လုံးအား ကြက်ဆင်သား၏ အရသာက ဘယ်လိုရှိမလဲ ဆိုတာအား မနေနိုင်စွာ စိတ်ကူးယဉ်မိစေသည်။

The Earth is OnlineWhere stories live. Discover now