Part - 4

471 24 4
                                    

မောင်ဟုခေါ်သည် ❤️

by Shweyee ❤️

Uni




"မောင်......"

မုဏ်းမရဲတစ်ရဲလေးခေါ်လိုက်မိခြင်းပင် ထိုအခါ မောင်ရော မောင့်ပေါင်ပေါ်မှမိန်းကလေးကပါ မုဏ်းအားမသတီသည့်အကြည့်‌တွေဖြင့်ကြည့်လာကြတော့သည် ။ ထိုအကြည့်တွေက မုဏ်းအပေါ်ခဏဏသက်ရောက်နေသော်လည်း အခုလိုမရင်းနှီးသည့်မိန်းမတစ်ယောက်မှကြည့်နေသောကြောင့် မုဏ်းစိတ်ထဲခိုးလိုးခုလုပင် ၊ မောင်ဟာ မုဏ်းရောက်လာသည့်တိုင်အောင် ပေါင်ပေါ်မှမိန်းကလေးအားမချဘဲ ပြောဟုသဘောဖြင့် မေးစက်ပြနေသည်.....

"မားတို့ကအိမ်လာခိုင်းနေလို့ပါ....မောင့်ဖုန်းကိုဆက်တာမကိုင်လို့"

"ရိုင်း....သူကဘယ်သူလဲ"

"အရေးမပါပါဘူး....ကဲကိုယ်သွားတော့မယ်နော် see you"

"see you"

ဒီပါနေ့လည်က ဖုန်းအား silent လုပ်ထားသောကြောင့်ဖုန်းလာတာမသိလိုက်ခြင်းပင် သူလိုချင်သည့်အခြေအနေတွေအား တစ်ဆင့်ခြင်းဆီရောက်ရှိနေလေပီ ၊ သူရွေးချယ်ထားသည့်မိန်းမက အသံအားစွဲဆွဲငင်ငင်ပြောလိုက်တော့ ဟိုလူ့မျက်နှာက ကွက်ခနဲပြတ်သွား၏ ရေကန်အသင့်ကြာအသင့်ပင် သူလည်းနှုတ်ဆက်ကာထွက်လာလိုက်တော့ အနောက်ကနေ ခေါင်းလေးငုံ့ကာ တရွေ့ရွေ့လိုက်လာနေသေး ၊ လူတွေကလည်း ငယ်ငယ်ချောချောကောင်လေးတွေအားတွေ့လျှင်သားရည်တမြားမြား ဒီလူဘာတွေများမြူစွယ်ထားလဲမသိချေ အရမ်းကိုသူများတကာအား ဖြားယောင်းချင်သေး.....

စိုင်းတစ်ယောက် အရက်တစ်ခွက်မှာကာ မုဏ်းတို့အခြေအနေအား အကဲခတ်နေမိတော့သည် ၊ ကာမပိုင်ယောက်ျားတစ်ယောက်ရှိသည့်တိုင်အောင် မိန်းမတစ်ယောက်အားပေါင်ပေါ်တင်ကာ ကြူနေသည့်အစုတ်အပျတ်ကောင် ခွေးတိရိစ္တာန်ကောင်။ ယောက်ျားအရှေ့ရောက်လာသည့်တိုင်အောင် ပေါင်ပေါ်ကမိန်းမအားလုံးဝမဖယ်ခိုင်းသေးပေ ၊ ဒီလိုကောင်မျိုးက သည်းခံတက်သည့်မုဏ်းလိုလူမျိုးအားရထားသည်မှာ ကံကောင်းလွန်းလှသည် တခြားလူတွေသာဆို လူသတ်ပွဲတောင်ဖြစ်နိုင်သေး အခုလည်းမုဏ်းအားမစောင့်ဘဲ အရှေ့ကထွက်သွားသေး.....

မောင်ဟုခေါ်သည်Where stories live. Discover now