အပိုင်း - ၁

148 14 10
                                    

အာစီရှေ့က အပင်အောက်မှာထိုင်ပြီး ကွန်ဗိုကြီးကိုငေးကြည့်နေမိသည်။ ဒီနေ့ဟာ သူဘွဲ့ယူသောနေ့။ ကျောင်းဝန်းတစ်ခုလုံး စည်ကားနေပြီး ကားများကလည်း ပျားပန်းခပ်နေသကဲ့သို့ရှိသည်။

နောက်ဆုံးနှစ်စာမေးပွဲဖြေအပြီး အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့နှင်းသဘင်တက်ရန် သူတို့တနှစ်စောင့်လိုက်ရသည်။ သူ့အတွက် ဒီနေ့က သိပ်အရေးကြီးသည်။
ညနေ လေးနာရီတိတိတွင် ရာထူးတိုး အင်တာဗျူးဖြေရန် ရှိသေးသည်။ ထို့ကြောင့်သူ ရင်တွေ တအားခုန်နေသည်။

ဝတ်စုံပြည့်ဝတ်ပြီး သူတို့ ကွန်ဗိုထဲဝင်ကျပြီ ၊ ခဏနေတော့ စည်တော်ယွန်း၍ ပါမောက္ခချုပ်ဆရာကြီးနှင့်၊ ပါမောက္ခဆရာ၊ဆရာမကြီး ဝင်လာသည်။

ဘွဲ့နှင်းသဘင်ပြီးတော့ သူငယ်ချင်းများအား ကပျာကယာနှုတ်ဆက်ပြီး အင်တာဗျူးဖြေရန်သူပြေးသည်။ ကံကောင်းထောက်မစွာဖြင့် အင်တာဗျုးချိန်းသော နေရာကား စမ်းချောင်းတွင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် စမ်းချောင်း သို့ ကားမကြပ်လျှင် မိနစ်နှစ်ဆယ်ခန့်သာကြာသည်။ ကားလမ်းမကြပ်ရန်သာ သူ့စိတ်ထဲ ဆုတောင်းပြီး ကားကိုမောင်းတော့သည်။

ရုံးထဲရောက်တော့ လှပသေသပ်စွာ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးက သူ့ကိုတွေ့တော့ နှုတ်ဆက်သည်။ ပြီးနောက် ' ဘယ်ဘီစီကလာတာလဲ ' ဟုမေးသည်။

' ရှမ်းတောင် ကပါ ' ဟုသူပြုံး၍ ဖြေလိုက်သည်။

ထိုမိန်းမပျိုက သူ့လက်ထဲမှ စာရွက်စာတမ်းများအားယူပြီး ထိုင်ဖို့နေရာချပေးသည်။

သူအစောဆုံးဖြစ်၍ စိတ်ထဲအနည်းငယ်ပေါ့သွားသည်။ နောက်မိနစ်အစိတ်လောက်နေတော့ အင်တာဗျူးလာဖြေသော တခြား ဘီစီမှသူများရောက်လာကျသည်။

' မစ္စတာ မင်းဝေ ၊ အင်တာဗျူးဖြေဖို့ အခန်းထဲဝင်လို့ရပါပြီ ' ဟုစောစောက မိန်းမလှလေးက အင်္ဂလိပ်လိုပြောပြီးခေါ်သည်။ ထို့ကြောင့် ထိုင်နေရာမှထကာ သူအခန်းထဲဝင်လိုက်သည်။

အင်တာဗျူးခန်းထဲ၌ နိုင်ငံခြားသားနှစ်ဦးနှင့် မြန်မာမလေးတစ်ဦးက ထိုင်နေသည်။ သူဝင်လာတော့ မိန်းကလေးက ထိုင်ပါဟု ပြုံး၍ ပြောသည်။

နှင်းမှုန်ကြားက အိပ်မက်နတ်သားWhere stories live. Discover now