Zawgyi
မီးဖိုခန်းကထမင်းစားပွဲမှာ ဝင်မထိုင်ခင် အလုပ်ရှုပ်နေသည့်မာမားနားသွားရပ်လိုက်သည်။
"မာမား"
"ကျန်ကျန့် သွား...ထမင်းဝိုင်းမှာသွားထိုင်တော့။ မာမားအလုပ်နောက်ကျနေပြီမို့ မြန်မြန်လုပ်မှရမှာ"
နေပါဦး...တစ်ခုခုတော့ မှားနေသလိုပဲ။ မာမားက ခုနက ရှောင်းကျန့်ကိုသေချာလှည့်ကြည့်ပြီး ပြောလိုက်တာပါ။ ရှောင်းကျန့်ချီထားတဲ့ ကလေးလေးကိုသေချာပေါက်မြင်ရမယ်မလား။ ဘာလို့ဘာမှမတွေ့သလိုပုံစံဖြစ်နေတာလဲ။ ရှောင်းကျန့်လည်း အတွေးလက်စဖြတ်လို့မာမားပြောသည့်အတိုင်း ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်သည်။ အကောင်ပေါက်လေးကိုဘေးကခုံပေါ်တင်ပေးလိုက်ပြီး မာမားအလာကိုသာစောင့်နေလိုက်သည်။ နှစ်မိနစ်လောက်ကြာတော့ မာမားက မနက်စာပန်းကန်လေးနှစ်ခုကိုသာကိုင်လို့ စားပွဲဆီဝင်ထိုင်ရင်း ရှောင်းကျန့်နဲ့သူ့အတွက်သာ ပြင်ဆင်ပေးသည်။
"မာမား...သူ့အတွက်ရော"
ရှောင်းကျန့်က ကလေးလေးထိုင်နေသည့်ခုံဆီ လက်ညှိုးညွှန်လို့မေးခွန်းထုတ်တော့ မာမားကကြောင်ကြည့်နေသည်။
"ဘာလဲ သားရဲ့။ ဘယ်သူ့အတွက်လဲ။ မာမားတို့နှစ်ယောက်ပဲစားမှာကို"
ရှောင်းကျန့်မယုံနိုင်ဖြစ်သွားရသည်။ မာမားက လာနောက်နေတာလား။ ကလေးလေးကိုဘေးမှာ သေချာထိုင်ခိုင်းထားတာကို မမြင်စရာအကြောင်းမှမရှိဘဲ။ သူ အကောင်ပေါက်လေးဆီလှည့်ကြည့်လိုက်တော့ သူ့ကိုသာငေးရင်းသာမှိုင်နေသည်လေ။ ကလေးလေးရဲ့ မျက်ဝန်းတွေက ဝမ်နည်းရိပ်သမ်းနေသည်မှာအသိအသာ။ ကလေးလည်းအခုဆို ဆာနေလောက်ရောပေါ့။ မာမားကဘာလို့အခုလို နောက်ပြောင်နေနိုင်သေးတာလဲ။
"မာမား ကလေးလေးအတွက်ရော မနက်စာမပြင်ပေးဘူးလားလို့။ ကလေးလေးလည်းဆာနေမှာလေ။ ပေါက်စလေး ဗိုက်ဆာနေပြီမလား"
ရှောင်းကျန့်က ကလေးဘက်လှည့်လို့ရေရွတ်လိုက်သေးသည်။ မာမားကတော့ ကြောင်အန်းနေမိပြီးမှ အသံနည်းနည်းမြှင့်လို့ရှောင်းကျန့်ကို ဆူတော့သည်။
YOU ARE READING
That boy under my bed