Unicode
" အဆင်ပြေသွားပြီလား "
ကျွန်တော့်အမေးကို အင်းတစ်လုံးသာဖြေပြီး ကားဆီလျှောက်သွားသည့် Jaemin ကိုကြည့်ကာ Jenoက ခေါင်းခါလေသည် ။
ကောက်တေးတို့က နည်းနည်းလေးမှကို စကားမှားမခံဘူး ။
Jenoနဲ့ကျွန်တော် အပြင်ထွက်လိုက်သည်နှင့် Jaemin က ကားဘေးမှာ မတ်တပ်ရပ်ကာ Jenoဆီက ကားသော့ကိုလက်ဖြန့်၍တောင်းလေသည် ။
" ဘာလဲ "
" ငါ့ကိုပေး "
" ဘာလုပ်ဖို့ "
" ငါမောင်းမယ် "
ကားသော့ကိုလက်ထဲထည့်ပေးလိုက်သည်နှင့် ကားတံခါးကိုဖွင့်ကာ မောင်းသူနေရာမှာ ဝင်ထိုင်ပြီး ကားမှန်အားချကာ ...။
" Injun ကားပေါ်တက် "
" ဟမ် "
" ကားပေါ်တက်လို့ "
" အော် အေး "
ကားပေါ်ကို ကျွန်တော်ဝင်ထိုင်လိုက်သည်နှင့် ကားတံခါးကိုလော့ချလိုက်တာမို့ Jenoတက်၍မရ ။
" ဟေ့ကောင် Jaemin.. ဘာလုပ်တာလဲ "
" ဒီနေ့တစ်ရက်တော့ မင်းကားလေးငါ့ကိုငှားလိုက်တော့ "
" အဲ့တော့ ငါကဘာနဲ့ပြန်ရမှာလဲ "
" မင်းကBusစီးတတ်တာပဲ .. Busနဲ့ပြန် .. ငါသွားပြီ "
" Na Jaemin.. မင်း "
Jenoဘာပြောပြော နားမထောင်ပဲ ကားကိုဒလမန်းကြမ်းမောင်းထွက်လာတာမို့ Jenoကိုအားနာလို့သေတော့မယ် ။
" Jaemin ဘာလုပ်တာလဲ "
ကျွန်တော့်အမေးကိုမဖြေပဲ သီချင်းတောင်ဖွင့်၍နားထောင်နေသေးသည့် Jaemin ကို တဖြေးဖြေး စိတ်ဆိုးချင်လာပြီ ။
" Jaemin "
စိတ်မရှည်တော့တဲ့အဆုံး လက်မောင်းအားလှမ်းဆွဲကာ လှုပ်ခတ်လိုက်တော့မှ မျက်စောင်းတစ်ချက်ဝင့်ကာ ကားကိုလမ်းဘေးမှာ ချရပ်လေသည် ။
" ဘာလို့ကဂျောင်ကျနေတာလဲ "
" မေးရမှာက ငါ "
" ဘာလဲ .. ဘာကိုမေးမှာလဲ "
စိတ်မရှည်တဲ့လေသံနဲ့ပြန်မေးနေသည့် Jaemin ကို သေချာစိုက်ကြည့်လိုက်ပြီး ..
YOU ARE READING
မျိုးရိုးကအထက်တန်းစား SS-2 [မ်ိဳးရိုးကအထက္တန္းစား SS-2]