Proposal 💍

765 45 8
                                    

#Ring Ring

အဆက်မပြတ်မြည်နေတဲ့ဖုန်းသံကြောင့် အိပ်ယာမှအလူးအလဲထပြီးဖုန်းကိုင်လိုက်မိသည်။

Contact Name ကိုတော့ကြည့်စရာမလို နှစ်ယောက်မရှိတဲ့မောင်ဆိုတာသေချာနေတာမို့...

မနက်တိုင်းဖုန်းဆက်နှိုးတတ်တာ မောင့်အကျင့်တွေထဲကတစ်ခုပဲလေ။

"ဟယ်လို Baby, အချစ်လေးနိုးပြီးလားဗျ"

ချိုအီနေတဲ့မောင့်အသံကြောင့် အိပ်ချင်နေတဲ့စိတ်တွေက ကြက်ပျောက်ငှက်ပျောက်။

တစ်နေ့တာကို Energy အပြည့်နဲ့စတင်ဖို့အတွက် မောင်ကမရှိမဖြစ်အားဆေးလေးလေ။

"အင်းမောင် ငါနိုးပြီ"

"ဒီနေ့ Date လုပ်ဖို့ချိန်းထားတာနော်။ Baby မေ့နေတာမလား"

မမေ့မှန်းသိသိကြီးနဲ့ တမင်ဂျစ်တိုက်ချင်တဲ့မောင်ပါပဲ။ ရင့်ကျက်သယောင်နဲ့ မောင်ဟာ ငါနဲ့ဆိုကလေးဆိုးလေးပဲ။

"မင်းနဲ့ပတ်သတ်ရင်ငါဘယ်တုန်းကများမေ့ခဲ့ဖူးလို့လဲမောင်ရဲ့ သိသိကြီးနဲ့လူဆိုးလုပ်မနေနဲ့"

"ဟီး မောင်ကစတာပါအချစ်ဆုံးရဲ့။
ထတော့နော်။ နောက်နှစ်နာရီလောက်နေရင် Baby ဆီမောင်ရောက်မယ်။
တကယ်တော့အခုထဲကမျက်နှာလေးမြင်ချင်နေတာ။ မောင်လွမ်းလှပြီ"

"ကဲလိုက်တာ နိုရာ၀စ်တို့ကတော့ ညကမှမောင်ကိုယ်တိုင်အိမ်ပြန်ပို့ထားခဲ့တာကိုနော်"

"တကယ်ပြောတာ Baby ရဲ့ တစ်စက္ကန့်လေးခွဲရရင်တောင်လွမ်းနေတာပါဆို"

"ကဲပါမောင်ရယ် ချွဲချင်နောက်မှချွဲတော့ ငါပြင်ဆင်ရဦးမယ်လို့"

"Krub"

"အဲ့တာဆိုငါဖုန်းချလိုက်တော့မယ်နော်"

"နေဦး နေဦး Morning kiss ပေးခဲ့ဦးလေအချစ်ရာ"

"Mwh! ရပြီလား ဟွန့်"

"အားး မနက်ခင်းလေးကသာယာလိုက်တာကွာ။ မောင်ကအများကြီးချစ်တယ်နော်မောင့်အချစ်လေးကို။ ရေမြန်မြန်ချိုးဦးအအေးပတ်မယ်။"

"Krub အဲ့တာဆိုငါဖုန်းချလိုက်ပြီနော်မောင်"

"အိုခေပါဗျ။ See You Baby, Mwh!"

You've reached the end of published parts.

⏰ Last updated: Sep 18, 2023 ⏰

Add this story to your Library to get notified about new parts!

Safe Zone (Mini Fic)Where stories live. Discover now