Unicode***
ဆော့ဂျင်း တို့ရောက်တော့ဆူဘင်းမယ်မယ်သည်မြေပြင်ပေါ်အားလျော့စွာထိုင်ကျနေသည်
အရှင်ကတော့ ကျောက်ဖျာပေါ်တွင်မေ့မြောနေသည်..
"အရှင် "
မိဖုရား ၏အသံကိုကြားမှဆူဘင်းမယ်မယ်လဲအခုမှသတိသူလိုပြော၏
"အရှင့်..အရှင့်ကို ကယ်ပါအုံး!! အစ်ကိုတော့ဂျီမင်း ကူပါအုံး အဟင့်ဟင့်~~~"
"စိတ်မပူနဲ့နော်မယ်မယ် အစ်ကိုတော်ကူညီပေးပါမယ် "
ဂျီမင်းဆွဲထူရန်ပြင်ပြီးသူ၏ခါးတစ်ဖက်မှလက်တစ်စုံကထွက်လာလေကာမေ့မြောနေသူအားဆွဲထူကာကျောပိုးလိုက်သည်..
"ကိုယ်ရံတော်ကင်မ်!!!"
"ကျွန်တော်သယ်ခဲ့ပါမယ်"
.....................................
သုံးရက်မြောက်နေ့...သူမတို့လုပ်ကြံခံရပြီးသုံရက်မြောက်နေ့ဖြစ်သည် ယခုထိမည်သူ၏လက်ဆမှန်းခန့်မှန်းမိနေသော်လည်း မေ့မြောနေဆဲဖြစ်သည့်အရှင့်ကိုဒီအတိုင်းမထားခဲ့ချင်သောကြောင့် ပင်ပန်းနေပြီဖြစ်တဲ့ခန္ဓာကိုယ်ကိုပင်လျစ်လှူရှု့ထားလိုက်၏
ဘယ်သူကနာကျင်ခွင့်ပြုလို့လဲ???ဘာလို့အခုထိကိုယ်ဖြစ်ချင်တဲ့အတိုင်းစိတ်ကြိုက်လုပ်နေတာလဲ??ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ? အခုလိုမေ့နေလို့မရဘူးအရှင် နိုးထလာပြီးရှင်းပြရအုံးမယ်လေ....
"မယ်မယ်နားလိုက်ပါတော့ အခုဆေးလဲပေးပြီးထားပြီဆိုတော့ စိတ်ချရတဲ့အနေအထားမို့ ကိုယ့်ကိုကိုယ်အပင်ပန်းမခံပါနဲ့တော့ "
"သုံးရက်ရှိနေပြီအစ်ကိုတော် အခုထိမျက်လုံးတောင်မပွင့်လာသေးတဲ့သူကစိတ်ချရပြီလို့ပြောတာလား? ညီမသူ့ဆီကကြားချင်တာရှိတယ် ဒါကြောင့်နိုးလာရမယ် "
ညီမတော်၏ပါးမှမျက်ရည်တို့ကိုကြည့်မိရင်းသူသက်ပြင်းချမိသည်.....
ထို့နောက်တီးတိုးဆိုနေသည့်ညီမဖြစ်သူ၏စကားသံတို့ကမရေရာပဲဝေဝါးနေဆဲပင်။
ဘာကိုတစ်ပတ်လည်တာလဲ??
"အစ်ကိုတော်စောင့်ပေးမှာမို့ သူသတိရတာနဲ့ညီမလေးဆီကိုအရင်အသိပေးမှာမို့ နားလိုက်တော့နော် အခုခန္ဓာကိုယ်ကအရမ်းပင်ပန်းနေပြီမလား??"
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...