Ringtoneလေး +++
ကုတင်ခေါင်းရင်းနားက အမြဲသံပတ်ပေးထားသည့်
နိုးစက်နာရီက ၇နာရီထိုးသှားသညျ့အတှကျ ငှက်ဆိုးသံများ
ဆူညံစွာထွက်ပေါ်လာကာ အိပ်မောကျနေသူ နွေဦးယံ'
တစ်ယောက်လည်း တအင်းအင်းနဲ့ မျက်လုံးဖွင့်နိုးလာတော့သည်။ ထို့နောက် အဆက်မပြတ်မြည်နေဆဲ နိုးစက်ကို
လှမ်းပိတ်ပစ်လိုက်ပြီး စောင်ထဲဆက်ကွေးနေဖို့လုပ်သည် ။
ညတုန်းက gay barတစ်ခုမှာ အရက်ကို အမုန်းသောက်လာ
ခဲ့သည့်အကျိုးဆက်က အခုချိန် သူ့တစ်ခေါင်းလုံး
နာကျင်ကိုက်ခဲလျက်ရှိပြီး ရင်ထဲလည်းမအီမသာ ခံစားနေရတော့သည် ။နွေးဦးယံ'ဆိုသည်မှာ မနက်အိပ်ယာကို လန်းလန်းဆန်းဆန်းထပြီး အလုပ်ခွင်ဝင်ဖို့တက်ကြွနေတတ်သူတစ်ယောက်ဖြစ်သော်လည်း ခုတော့ ကုတင်ပေါ်ကပင် မဆင်းချင်းသလို
ပျင်းရိပျင်းတွဲဖြစ်နေခဲ့သည် ။ ညတုန်းက အိမ်ကိုဘယ်လို
ပြန်ရောက်လာခဲ့သလဲ မမှတ်မိတော့ပေမယ့် သူ့ဦးနှောက်
ပျက်စီးသွားပြီးနှလုံးသားတွေကြေမွသွားမယ်ဆိုရင်တောင်မှ သူ့အတွက်လုံးဝမမေ့သွားနိုင်မည့် လူတစ်ယောက်ကို အခုလည်း ချက်ချင်းပဲ တမ်းတမိသွားလေသည်။" မောင်... မောင်ငါ့ကိုစာပို့ထားမလား ဒါမှမဟုတ်
ဖုန်းတွေများခေါ်ထားခဲ့ရင်ရော..."နွေဦးယံ'အပူစိတ်နဲ့ ဖုန်းသူ့လေးကို နေရာအနှံ့လိုက်ရှာ
တော့သည်။" ဟင် ငါ့ ငါ့ဖုန်းကော ဘယ်ရောက်သွားပြီလဲ..."
ရုတ်တရက် စိုးရိမ်စိတ်ကြီးစိုးသွားပြန်သည်။
သို့နဲ့ အိပ်ယာပေါ်မှ ကုန်းရုန်းထလိုက်ပြီး ဧည့်ခန်းက
ကြိုးဖုန်းရှိရာဆီသို့ အရောက်သွားခဲ့သည်။ ထို့နောက်
ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးနေသည့် သူ့ရဲ့ဖုန်းကို
ပြန်ရှာရအောင် ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီးခေါ်လိုက်တော့
ဖုန်းကဝင်နေသော်လည်း ကိုင်ပေးမည့်သူမရှိဖြစ်ပြန်သည်။" ကိုင်လိုက်စမ်းပါကွာ... ငါ့ဖုန်းဘယ်ရောက်နေလဲ
သိရမှဖြစ်မှာ... "ထိုသို့ တစ်ချက်ညည်းတွားပစ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ဖုန်းခေါ်ဖို့ကြိုးစားလိုက်သည် ။
YOU ARE READING
Ringtoneလေး+++ (One Shot)
Short Storyသူ့ကိုအရမ်းချစ်လို့ အရာရာဖြည့်ဆည်းပေးခဲ့ပေမယ့် အတောင်စုံရင် ထပျံသွားသည့် ငှက်တစ်ကောင်လိုပဲ ။ ကျွန်တော်က ကိုကို့ရဲ့ ဖုန်းရိန်းတုံးလေးကြားလိုက်ရုံနဲ့ ကိုကို့ကို ချစ်မိသွားခဲ့တာပါ ၊