One Shot(တစ်ပိုင်းတည်းအပြီးပါ)

1.4K 82 4
                                    

Ringtoneလေး  +++

ကုတင်ခေါင်းရင်းနားက အမြဲသံပတ်ပေးထားသည့်
နိုးစက်နာရီက ၇နာရီထိုးသှားသညျ့အတှကျ ငှက်ဆိုးသံများ
ဆူညံစွာထွက်ပေါ်လာကာ အိပ်မောကျနေသူ နွေဦးယံ'
တစ်ယောက်လည်း တအင်းအင်းနဲ့ မျက်လုံးဖွင့်နိုးလာတော့သည်။ ထို့နောက် အဆက်မပြတ်မြည်နေဆဲ နိုးစက်ကို
လှမ်းပိတ်ပစ်လိုက်ပြီး စောင်ထဲဆက်ကွေးနေဖို့လုပ်သည် ။
ညတုန်းက gay barတစ်ခုမှာ အရက်ကို အမုန်းသောက်လာ
ခဲ့သည့်အကျိုးဆက်က အခုချိန် သူ့တစ်ခေါင်းလုံး
နာကျင်ကိုက်ခဲလျက်ရှိပြီး ရင်ထဲလည်းမအီမသာ ခံစားနေရတော့သည် ။

နွေးဦးယံ'ဆိုသည်မှာ မနက်အိပ်ယာကို လန်းလန်းဆန်းဆန်းထပြီး အလုပ်ခွင်ဝင်ဖို့တက်ကြွနေတတ်သူတစ်ယောက်ဖြစ်သော်လည်း ခုတော့ ကုတင်ပေါ်ကပင် မဆင်းချင်းသလို
ပျင်းရိပျင်းတွဲဖြစ်နေခဲ့သည် ။ ညတုန်းက အိမ်ကိုဘယ်လို
ပြန်ရောက်လာခဲ့သလဲ မမှတ်မိတော့ပေမယ့် သူ့ဦးနှောက်
ပျက်စီးသွားပြီးနှလုံးသားတွေကြေမွသွားမယ်ဆိုရင်တောင်မှ သူ့အတွက်လုံးဝမမေ့သွားနိုင်မည့် လူတစ်ယောက်ကို အခုလည်း ချက်ချင်းပဲ တမ်းတမိသွားလေသည်။

" မောင်... မောင်ငါ့ကိုစာပို့ထားမလား ဒါမှမဟုတ်
ဖုန်းတွေများခေါ်ထားခဲ့ရင်ရော..."

နွေဦးယံ'အပူစိတ်နဲ့ ဖုန်းသူ့လေးကို နေရာအနှံ့လိုက်ရှာ
တော့သည်။

" ဟင် ငါ့ ငါ့ဖုန်းကော ဘယ်ရောက်သွားပြီလဲ..."

ရုတ်တရက် စိုးရိမ်စိတ်ကြီးစိုးသွားပြန်သည်။
သို့နဲ့ အိပ်ယာပေါ်မှ ကုန်းရုန်းထလိုက်ပြီး ဧည့်ခန်းက
ကြိုးဖုန်းရှိရာဆီသို့ အရောက်သွားခဲ့သည်။ ထို့နောက်
ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးနေသည့် သူ့ရဲ့ဖုန်းကို
ပြန်ရှာရအောင် ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီးခေါ်လိုက်တော့
ဖုန်းကဝင်နေသော်လည်း ကိုင်ပေးမည့်သူမရှိဖြစ်ပြန်သည်။

" ကိုင်လိုက်စမ်းပါကွာ... ငါ့ဖုန်းဘယ်ရောက်နေလဲ
သိရမှဖြစ်မှာ... "

ထိုသို့ တစ်ချက်ညည်းတွားပစ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ဖုန်းခေါ်ဖို့ကြိုးစားလိုက်သည် ။

Ringtoneလေး+++ (One Shot) Where stories live. Discover now