Stranger 1

10.1K 423 5
                                    

သူနှင့်ကျနော်က အစတည်းက ဘသူဘယ်ဝါမသိခဲ့ကြတယ့် အစိမ်းသပ်သပ်သူစိမ်းတွေဖစ်ခဲ့ကြတာပဲမလား

*****************************

'kim taehyung....မင်း မိဘကိုဘလိုအရှက်ခွဲလိုက်သလဲ ခုသိပီမလား...ဘယ်မလဲမင်းယူမယ့်အမျိုးသမီးဆိုတာ ဟက် '

ထယ်ယောင်းသည်အမှားကိုကျူးလွန်ထားသူအဖစ်ခေါင်းကိုငုတ်အံကိုကျိတ်ကာရယ် ရင်နာမိသည်။

၃နှစ်နီးပါးတွဲလာပီကိုယ့်ဘက်ကလက်ထပ်ဖို့ထိပါရည်ရွယ်ထားသည့်အမျိုးသမီးတယောက်က ခုတော့ တခြားတယောက်ဆီဖောက်ပြန်ပီ လိုက်သွားလေရဲ့။

သူမကိုသိပ်ချစ်လို့မိဘတွေကိုပါကလန်ကဆန်လုပ်ပီ တောင်းရန်ခိုင်းခဲ့မိရာက ခုလိုအရှက်တကွဲအကျိုးနည်းဖစ်ရသည်။

ကိုယ်ကသာတုံးသည်အသည်။ပျော့ညံ့လွန်းသည် ။

'မင်းဖြေလေ....ငါရှက်လိုက်တာထယ်ယောင်းရယ် ငါဒီအသက်တလျှောက်ငါ့ဂုဏ်သိက်ခါတွေ ငါထိန်းသိမ်းလာတယ့်ငါ့မာနတွေ အကုန်မင်းကဖျက်စီးပစ်တယ့်အကောင် မင်း!'

'တော်ပါတော့ဖေကြီးရယ်...ဒါကတမင်ရည်ရွယ်ခဲ့တာမှမဟုတ်ပဲ'

'သူကတမင်မဟုတ်ပေမယ့် ဟိုအမျိုးသမီးကသူ့ကိုတမင်လှည့်စားနေခဲ့တာ မင်း သားကအလယ်နွားကြီးလိုပဲ ဘာမှမသိဘာမှမတတ်နဲ့...ငါပညာသင်ထားပေးတာတွေအကုန်သဲထဲရေသွန်ပဲ '

'ဖေကြီးရယ် ရှိတာမှဒီသားတယောက်ကို ဘယ်လိုအသူံးအနှုန်းတွေသုံးနေတာလဲ...တော်ပါတော့ ရှင်တိူ့သားအဖကြားကျွန်မတော့သေချင်တာပါပဲ..ဟင်းးး'

MRS.kimတယောက် မာနထိခိုက်သွားသည့်လင်ယောကျာ်းနှင့် အမှားလုပ်ထားသူသားကြား ခေါင်းမီးတောက်ရသည်။

သားဖစ်သူကိုလဲမဆူပူချင်တော့ အသက်ဖြင့်၂၅နှစ်ရှိလို့ လုပ်ငန်းတွေကိုဦးစီးဦးဆောင်လုပ်နေပီ အခုလိုပြသနာကြောင့် သားဖစ်သူကိုဆူပူကြိမ်းမောင်းနေရအောင်လဲသားကခလေးမဟုတ်တော့

'ထယ်ယောင်း....မင်းကိုငါ ငါ့မာနတွေထိခိုက်တဲ့အထိ မင်းသဘောကျတဲ့မင်းကောင်မလေးဆီလိုက်တောင်းပေးခဲ့ပြီြပီ မင်းအသူံးမကျလို့ပစ်သွားတော့ ငါအလုပ်မဟုတ်တော့ဘူး အခု မင်းအလုပ်ကငါ့စကားကိုနားထောင်ဖို့ပဲ '

StrangerWhere stories live. Discover now