Stranger pt6

3.1K 199 4
                                    

*သူကချစ်ဖို့ကောင်းနေခဲ့တာ*
**************************

စကားကျွန်နှုတ်မရဆိုသည့်အတိုင်း
ပတ်ဝန်းကျင်၏ကျွန်လွန်စွာပြောဆိုနေကြသောထိုကောလဟာလဟာဆိုရင် မီဒီယာထက်ကိုတဆင့်ဆင့်ပေါက်ကြားလာခဲ့သည်။

ကင်မျိုးရိုးရဲ့ဥကဌကင်ဟာ သမက်ဖစ်သူ၏စည်းစိမ်များကိုမတ်၍သားဖစ်သူအားထိုးကြွေးသည် ဟူသော ခေါင်းစင်ကား တဂယ်ကိုပင်အကျဥ်တန်လှသည်။

ဂျောင်ကုကွန်ပြူတာကိုပိတ်ချကာ နှာရိုးကိုခပ်ကြမ်းကြမ်းလေးညစ်နှိပ်လိုက်သည်။
ကိုယ်ကဒီလောက်ချွင်းချက်မရှိအုပ်ထိန်းနေတာတောင် ဒီလိုကိတ်စမျိုးကရှိလာခဲ့သေးသည်။

ဒီကောလဟာလအားထယ်ယောင်းသာသိလျှင်သေချာပေါက်ပြသနာရှာအုန်းမည်ကိုသူကြိုသိသည်။

ယနေ့မနက်ဘာစိတ်ကူးပေါက်သည်လည်းတော့သူမသိ။လအနည်းငယ်သာလိုတော့သည့်သားလေးအားသွားကြည့်လေရဲ့။မည်သည့်ပြသာနမျှမရှာဖို့သာဆုတောင်းမိသည်။

သူနဲ့ကိုယ်ရဲ့အိမ်ထောင်ရေးတောင် ၈လနီးနီးဖစ်လို့နေပီးဖစ်သည်။မတည့်အတူနေလို့ပြောပါလျှင်လည်းသူ့ဘက်ကသာမတည့်နေတာဖစ်ပါလိမ့်မည်။ကိုယ့်ဘက်ကတော့အမြဲသူ့အပေါ်ကောင်းဖို့ပဲကြိုးစားခဲ့တာချည်း။

သားလေးသာဘဝထဲရောက်လာခဲ့လျှင် အိမ်ထောင်ရေးတလျှောက်သူနဲ့ကိုယ် ​ေပြပြေလည်လည်လေးသာဖစ်သွားမှာပါ။

အချစ်မပါသည့်အိမ်ထောင်ရေးတခုအတွက်သူဟာအချိန်တခုလိုအပ်နေသည်ကိုနားလည်ပါသည်။ဒါပေမဲ့ အချိန်တခုကရောက်ချိန်တန်ပြီးမဟုတ်ပါလား။

'ဂျွန်ဂျောင်ကု!'

အခန်းထဲကနေကြားလိုက်ရသည့်သူ့အော်ခေါ်သံကြောင့်ဂျောင်ကုရင်ထဲထိတ်ကနဲပင်။

ဒါဖြင့်သူသိသွားတာများလား???

ဂျောင်ကုအခန်းထဲကနေထွက်ကြည့်ပါတော့ဒေါကြီးမောကြီးဖြင့်ဂျောင်ကုအားစိုက်ကြည့်လို့နေသည်။

ဟုတ်ပါ့ ဒီလိုအကြည့်မျိုးနဲ့သူမကြည့်ခဲ့တာတောင်ကြာရောပေါ့...

'မင်းဘာတွေကြံစည်နေတာလဲဂျွန်ဂျောင်ကု'

'ဘာကိုလဲ'

StrangerWhere stories live. Discover now