𝑃𝑎𝑟𝑡-1

24.9K 455 9
                                    

"💚သခင်၏ကြွေရုပ်🕴"

မနက်စောစော စီးစီးတွင် ရှောင်းအိမ်တော်အောက်ထပ်၌

"တောက် ၀မ်ရိပေါ် ၀မ်ရိပေါ်!!"

ထိုအချိန် နောက်ဖေးမှ မျက်နှာ သုတ်နေသော နေတာကြောင့် သုတ်လက်စကို ခနထားကာ ကပြာကရာပြေးလာသော၀မ်ရိပေါ်။

"ဗျာ သခင်လေး"

"ငါအခုကျောင်းကိုစီးမဲ့ ဖိနပ်ကို မင်းမတိုက်ရသေးဘူးလား"

"ကျနော် ကျနော် တိုက်ဖို့မေ့သွားတာပါ"

ပါးပေါ်ကို ကျလာသော လက်ဝါးတစ်ဖက်။

'ဖြန်း!!!'

"အ့ သ သ သခင်လေး"

"တောက် ဒါလေးတောင်အဖြစ်မရှိလို့ အပစ်ပေးတာ ငါဖိနပ်ကို အခုတိုက်ပေး မင်းလက်နဲ့"

"ဟုတ်ကဲ့ သခင်လေး"

ရိပေါ်လက်နဲ့ တိုက်ဖို့ပြင်တော့။

"နေအုံး မင်းပခုံးပေါ်က သဘတ်နဲ့ ငါရဲ့ဖိနပ်ကိုတိုက်ပေး မင်းလက်နဲ့ ငါဖိနပ်ကိုမထိနဲ့ ရွံလို့"

"....."

"ငါပြောနေတယ်လေ ငါအမိန့်ပေးတာကို မနာခံတာလား"

"မ မဟုတ်ပါဘူး "

"ငါကမင်းရဲ့ဘာလဲ"

"သခင်ပါ"

"မင်းကို ဘယ်သူပိုင်တာလဲ"

"သခင်ပိုင်တာပါ"

"ငါခိုင်းရင် လုပ်လေ စောက်စကားမများနဲ့"

ရိပေါ် လက်သီးကို တင်းတင်း ဆုတ်ထားတယ် ပြီးမှ ကျလာသော မျက်ရည်တွေကို အမြန်သုတ်လိုက်တယ်။

",ဟုတ်ကဲ့သခင်"

ဖိနပ်သုတ်နေရင်း မျက်ရည်တွေက ကျလာကာ သခင် ဖိနပ်ပေါ်သို့ ဖိတ်စင်သွားတယ်။

ထိုအချိန်အမြန်သုတ်လိုက်ရတယ် သခင်မြင်မှာဆိုးတာကြောင့်။

ဖိနပ်စီးပေးဖို့ ရှောင်းကျန့် ခြေထောက်ကိုပေးတယ်။
ဖိနပ်စီးပေးရင်း ကြတ်နေတာကြောင့် နာတာနည်းနည်းရော မုန်းတာရောကြောင့် လက်တစ်ဖက်က
၀မ်ရိပေါ်ရဲ့ ဆံပင်ကို သစ်ကိုင်းကိုအားနဲ့ ဆွဲနီးကားဆွဲထားတယ် ကျစ်ကျစ်ပါအောင် ဆွဲထားပြီး သူကတော့ ငါနိုင်တယ် ဆိုတဲ့ အပြုံးကို ချိတ်ဆွဲတယ်။

 "သခင်၏ကြွေရုပ်"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now