𝑃𝑎𝑟𝑡-33

4K 214 23
                                    

ရှောင်းကျန့်  အိမ်ပြန်လာခဲ့တယ်။

သူဒီအခြေအနေတွေကို ရိပ်မိပြီးသားပါ။
ကို ရဲ့ မိဘတွေက သူနဲ့သေချာပေါက်သဘောမတူဘူး ဆိုတာ သိပြီးသား။

သူတစ်ချိန်ကမကောင်းခဲ့လို့ အခုလိုဖြစ်ခဲ့တာ။သူဟာ အိမ်ထောင်ရေးမှာ အိမ်ထောင်မှု အထိန်းအသိမ်းမတက်ခဲ့လို့ အခုလို ဖြစ်ခဲ့တာ။

သူတို့လက်မခံချင်လဲ လက်မခံစရာတွေ ဖြစ်ခဲ့တာလေ။ တွေးကြည့်ရင် ကို မိဘတွေဘက်က ရင်နာစရာတွေပါ။

သူလဲ သူလုပ်ရပ်ကိုပြန်စဥ်းစား သုံးသပ် လေ
ပိုပိုပြီး အရှက်ရစေပြီး ။ တကယ်ကို အရင်ကအကြောင်းပြန်တွေးမိရင် သူဟာ
ဘယ်သူခွင့်လွှတ်မှုမှ မထိုက်တန်တဲ့ လူပါ။

ဆိုးခဲ့ပေခဲ့တာတွေက အခု သူကိုဒုက္ခလှလှကြီး တွေတစ်ခုပြီးတစ်ခု ဆိုက်လာပြီ။

ပြဿနာက ပြီးသေးမှာမဟုတ်ဘူး။

-------

ရှောင်းကျန့်အိမ်ရောက်တော့ အိမ်အပေါက်၀ မှာ မိန်းကလေးဖိနပ်တစ်ရံနဲ့ ကလေးဖိနပ်တစ်ရံ။

ဖေးဖေး မင်း ! ဘာအကွက်တွေ ထပ်သုံးနေတာလဲ။..!!

သူအိမ်ထဲ၀င်လာတော့  ဧည့်ခန်းထဲက မားက သူကို မြင်တော့
လှမ်းခေါ်တယ်။

"အားကျန့် ခနလာအုံး"

ရှောင်းကျန့် မားစကားကြောင့် မျက်နှာတင်းတင်းနဲ့ ထိုင်လိုက်တယ်။

"ထိုင်"

ရှောင်းကျန့် ဖေးဖေးနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။

"အားကျန့် ဒီမိန်းကလေး ကပြောတယ် မင်းနဲ့ သူနဲ့ ညိစွန်းပြီး ဒီကလေး ရလာတာပါဆိုပြီးပြောတယ် ဟုတ်လား"

"မဟုတ်ဘူး"

"မောင့်"

"မင်း မအော်နဲ့ .!"

"အားကျန့် စကားကိုအေးအေးဆေးဆေးပြော မြန်မြန်ပြောလဲ ဒီစကားပဲ နှေးနှေးပြောလဲ ဒီစကားပဲ"

ထိုအခါမှ ရှောင်းကျန့်က သက်ပျင်းချပြီး လက်နှစ်ဖက်နဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်တယ်။

 "သခင်၏ကြွေရုပ်"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now