> 4 <

67 3 0
                                    

Unicode
Ep-4

"အာ့...ကျွတ် ကျွတ်.."

မနှစ်မြို့ဖွယ်ဆေးရနံ့များနဲ့နိုးထလာရတဲ့ အချိန်က တကယ်ကို ကျက်သရေမရှိတာပဲ

အာခေါင်တွေလဲခြောက်ကပ်နေတယ်
သူ..ရေသောက်ချင်တယ်
ဒါပေမယ့်...ခေါင်းကိုက်လို့ မျက်လုံးတောင်မဖွင့်ချင်ဘူး

"Hyung...နိုးပြီ..
သက်သာရဲ့လားဟင်..."

နားထဲမှာကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့်
မကြည့်ရ မမြင်ရသေးပေမယ့်  Taeလေးဆိုတာသိလိုက်ရပါ၏။

"Taeလေး...ရေ..ရေ ပေး ပါ"

သတိရလာပါသော အကိုဖြစ်သူကိုကြည့်ပြီး Taehyung အရမ်းပျော်ရွှင်ရပါသည်။

လူနာဖြစ်သော Namjoon မှာလဲ ညီဖြစ်သူကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်ပါ၏။

"Hyung..."
ဆိုသော ခေါ်သံလေးနဲ့အတူ Taehyung မှာ အကိုဖြစ်သူအားဖက်၍ ငိုလေတော့သည်။

ဘယ်လောက်ပဲအရွယ်ရောက်ရောက် အကိုဖြစ်သူအပေါ်ဆို အမြဲချွဲနေတုန်းပင်။
ပြီးတော့..အခု taeလေးက သူ့ကိုစိုးရိမ်လွန်နေတာဖြစ်မည်။

"လူကဖြင့် သုံးဆယ်ပြည့်တော့မယ်..အခုထိ အငိုရွှဲတုန်းလားကွ"

"Hyung ကလဲ...အဲ့အသက်ကြီးကိုထည့်မပြောပါနဲ့ ပြီးတော့
hyungနဲ့ဆို Tae က ကလေးပဲလေ..
ဟုတ်တယ်မလား"

"ဟုတ်ပါတယ်ကွာ..."

သူ့အား‌မနိုင်ဘူးဟုခေါင်းခါကာပြောလာ‌သော Hyung က ပြုံးနေတာ ပါးထက်မှာ ပါးချိုင့်ကြီးနှစ်ခုထင်းလို့ ...
သူတို့ညီအကိုနှစ်ယောက် ဒီလိုမပျော်ရတာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ။

Hyung ကို ဒီလိုမျိုးပြန်ပျော်ရအောင် Tae ကြိုးစားပါ့မယ် Hyung...
အချိန် ခနလောက်ပဲစောင့်ပေးနော်..

သတိရခါစ Hyung ရဲ့မျက်နှာလေးက နွမ်းဖတ်နေပေမယ့် Hyungရဲ့အပြုံးတွေကတော့ တောက်ပနေတုန်းပဲ

"Taeလေး!!!ပါးက ဘာဖြစ်ထားတာလဲ ?
နီပြိး ယောင်နေသလားလို့.."

သူပါးက ယောင်နေတာကို Hyung သတိထားမိသွားပြီထင်၏။ဆေးမသွင်းထားသော လက်ဖြင့်သူ၏ ပါးအား ညင်သာစွာကိုင်ပြီး မေးလာပါသည်။

You've reached the end of published parts.

⏰ Last updated: Apr 27 ⏰

Add this story to your Library to get notified about new parts!

》B U T T E R F L Y《Where stories live. Discover now