Unicode

976 69 6
                                    

​လေယာဥ်ဆိုက်သည့်အချိန်မို့ ခရီးသည်များဟာ airport တစ်ခွင်ရှုပ်ယှက်ခက်​နေကြသည်။

များစွာ​သောလူ​​တွေထဲမှာမှ ​ကောင်​လေးငယ်တစ်​ယောက်ဟာ ထူးခြားစွာ ၊ တစ်စုံတစ်ခုတို့အားပုန်းကွယ်​ရှောင်တိမ်း​နေသလို အလျင်အမြန်​ပြေးလွှား​နေ​လေတယ်။

ထို​ကောင်​လေးငယ်ဟာ တစ်စုံတစ်ရာဆီကထွက်​ပြေး​နေသည့်ဟန် သူ၏အ​နောက်ဘက်ကို ထပ်ခါပြန်တလဲလဲကြည့်ရင်း ဤနေရာမှအမြန်ထွက်နိုင်ဖို့ကြိုးစား​နေ​သည်။

​ခေါင်းလုံးလုံး​လေးအ​ပေါ် အနီ​ရောင်ခပ်အုပ်အုပ်ဆံပင်တို့ကအုပ်မိုးထားပြီး ၊ ​ချော​​မောလှတဲ့ရုပ်ရည်ကိုလည်း mask ဖြင့်ဖုံးအုပ်ထားကာရုပ်ဖျက်ထားသည့်​ထို​ကောင်​လေးဟာ အဘယ်​ကြောင့်များယခုလို အသက်စွန့်စံဖျား ​ပြေးလွှား​နေရတာပါလိမ့်..

သူသိတာက အခုအချိန်မှာ သူထွက်​ပြေးနိုင်ဖို့သာ။

ဘယ်အရာကိုမှကြိုတင်မစီစဥ်ဘဲ ရုတ်တရက်ထွက်လာလိုက်ရသည်မို့လို့ airport တွင်လည်း လာကြိုမည့်သူတစ်စုံတစ်ရာမရှိ။ အ​ရှေ့တွင်သာ သူရပ်​နေရင်းအ​တွေးလွန်မိကာ အဲ့ဒီအချိန်ကြမျှသာ သူသတိကပ်သွား​တော့သည်။

ဟုတ်သား...
ဒီ​လောက်ကျယ်၀န်းလှတဲ့ New York မှာ သူ့ကိုဘယ်လိုများပြန်ရှာနိုင်ကြမည်နည်း..

​တွေးပြီး​နောက် သူဟာ​ကျေနပ်သွားသလိုအပြုံးနုနုချိတ်ဆွဲလိုက်တယ်။

အခု​လော​လောဆယ် သူဘယ်သွားလို့သွားရမှန်းမသိ​ပေမယ့် အနည်းဆုံး​တော့အမိ​မြေကထွက်လာနိုင်ခဲ့လိုက်ပြီမို့လို့ စိတ်သက်သာရာရနိုင်ခဲ့ပြီဖြစ်သည်။ ​နောင်ကိစ္စ ​နောင်မှသာရှင်း​တော့မည်။

"ဗိုက်ဆာလိုက်တာ.."

အစာအိမ်ရဲ့အချက်​ပေးသံ​ကြောင့်နဲ့မှ သူကဆက်​လျှောက်ရမည့်ပထမဆုံးလမ်းကို သိသွား​တော့သည်။ သူ စား​သောက်ဆိုင်ကိုသွားရမည်။ ​လေယာဥ်​ပေါ်မှာ သူကသူ့ဒုက္ခနဲ့သူ​နောက်စံ​တေး​နေတာနဲ့ အစားကို​တောင်​ကောင်း​ကောင်းမစားဖြစ်ခဲ့မိတာ။ အခု​တော့ ဆန္ဒပြလာ​လေပြီ။

⁂ 𝐦𝐚𝐫𝐨𝐨𝐧 𝐜𝐚𝐫𝐧𝐚𝐭𝐢𝐨𝐧 𝐟𝐥𝐨𝐰𝐞𝐫 ⁂ √Where stories live. Discover now