လေယာဥ်ဆိုက်သည့်အချိန်မို့ ခရီးသည်များဟာ airport တစ်ခွင်ရှုပ်ယှက်ခက်နေကြသည်။
များစွာသောလူတွေထဲမှာမှ ကောင်လေးငယ်တစ်ယောက်ဟာ ထူးခြားစွာ ၊ တစ်စုံတစ်ခုတို့အားပုန်းကွယ်ရှောင်တိမ်းနေသလို အလျင်အမြန်ပြေးလွှားနေလေတယ်။
ထိုကောင်လေးငယ်ဟာ တစ်စုံတစ်ရာဆီကထွက်ပြေးနေသည့်ဟန် သူ၏အနောက်ဘက်ကို ထပ်ခါပြန်တလဲလဲကြည့်ရင်း ဤနေရာမှအမြန်ထွက်နိုင်ဖို့ကြိုးစားနေသည်။
ခေါင်းလုံးလုံးလေးအပေါ် အနီရောင်ခပ်အုပ်အုပ်ဆံပင်တို့ကအုပ်မိုးထားပြီး ၊ ချောမောလှတဲ့ရုပ်ရည်ကိုလည်း mask ဖြင့်ဖုံးအုပ်ထားကာရုပ်ဖျက်ထားသည့်ထိုကောင်လေးဟာ အဘယ်ကြောင့်များယခုလို အသက်စွန့်စံဖျား ပြေးလွှားနေရတာပါလိမ့်..
သူသိတာက အခုအချိန်မှာ သူထွက်ပြေးနိုင်ဖို့သာ။
ဘယ်အရာကိုမှကြိုတင်မစီစဥ်ဘဲ ရုတ်တရက်ထွက်လာလိုက်ရသည်မို့လို့ airport တွင်လည်း လာကြိုမည့်သူတစ်စုံတစ်ရာမရှိ။ အရှေ့တွင်သာ သူရပ်နေရင်းအတွေးလွန်မိကာ အဲ့ဒီအချိန်ကြမျှသာ သူသတိကပ်သွားတော့သည်။
ဟုတ်သား...
ဒီလောက်ကျယ်၀န်းလှတဲ့ New York မှာ သူ့ကိုဘယ်လိုများပြန်ရှာနိုင်ကြမည်နည်း..တွေးပြီးနောက် သူဟာကျေနပ်သွားသလိုအပြုံးနုနုချိတ်ဆွဲလိုက်တယ်။
အခုလောလောဆယ် သူဘယ်သွားလို့သွားရမှန်းမသိပေမယ့် အနည်းဆုံးတော့အမိမြေကထွက်လာနိုင်ခဲ့လိုက်ပြီမို့လို့ စိတ်သက်သာရာရနိုင်ခဲ့ပြီဖြစ်သည်။ နောင်ကိစ္စ နောင်မှသာရှင်းတော့မည်။
"ဗိုက်ဆာလိုက်တာ.."
အစာအိမ်ရဲ့အချက်ပေးသံကြောင့်နဲ့မှ သူကဆက်လျှောက်ရမည့်ပထမဆုံးလမ်းကို သိသွားတော့သည်။ သူ စားသောက်ဆိုင်ကိုသွားရမည်။ လေယာဥ်ပေါ်မှာ သူကသူ့ဒုက္ခနဲ့သူနောက်စံတေးနေတာနဲ့ အစားကိုတောင်ကောင်းကောင်းမစားဖြစ်ခဲ့မိတာ။ အခုတော့ ဆန္ဒပြလာလေပြီ။