လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ဘယ်လိုရှင်သန်ခဲ့လဲ သူကိုယ်သူလည်း Jay မသိတော့ဘူး။
အသက်ရှူနေပေမဲ့ အသက်မရှိတဲ့ လူတစ်ယောက်လိုမျိုး...။
ဆုတ်ပြဲနေတဲ့ ရင်ဘက်ကို လျစ်လျူရှုပြီး နေ့စဉ်ဘ၀ကို ဘာမှ မဖြစ်ခဲ့သလို ဟန်မပျက် နေနေရသည်မှာ Jay ဟာ စက်ရုပ်တစ်ရုပ်အလား။
သို့ပေမဲ့ ခံစားနိုင်စွမ်း ရှိတဲ့ စက်ရုပ်တစ်ရုပ်။
လွန်ခဲ့တဲ့ ခုနှစ်ရက်မှာ သူဘာတွေလုပ်လို့ ဘာတွေကိုင်ခဲ့လည်း မမှတ်မိဘူး။
သူ့မှတ်မိသည့် အချို့သော မှတ်ဉာဏ်တွေက ကိုယ်ငွေ့တစ်ခုကို လွမ်းဆွတ်မိတိုင်း နေရာမရှောင် ငိုဖြစ်ခဲ့သည်နှင့် ၂၄ နာရီ ၇ ရက်လုံး တစ်စုံတစ်ယောက်အား အာရုံထဲ ထည့်ထားမိခြင်းတွေပဲ။
အနားမှာ Hazel ရှိနေလျက်နဲ့တောင် သူ့ရင်ထဲ ၀င်တိုးခဲ့ဖူးသည့် အနွေးဓာတ်တစ်ခုကို သတိရတာကြောင့် တစ်ဖက်လှည့်ပြီး မျက်ရည်ကျမိတယ်။
ပထမဆုံးနေ့က မနက်စာစားရင် သူစားဖို့ အမြဲ ပြင်ဆင်ပေးတတ်သည့် ကောင်လေးအကြောင်း တွေးမိရင်း Hazel ရှေ့ ငိုမိမလို ဖြစ်ခဲ့တာကြောင့် ထိုနေ့ကတည်းက မနက်စာတွေကို Jay ရှောင်ဖြစ်တယ်။
အပြင်မှာ အေးလာရင် ကောင်လေး၏ ကိုယ်သင်းနံ့ရောနေသော သူ့ကိုယ်ပေါ် လွှမ်းခြုံနေတတ်သည့် အပေါ်၀တ်တို့ရဲ့ အနွေးဓာတ်ကို လွမ်းလွန်းလို့ မျက်လုံးတွေ အောင့်တဲ့အထိ ကြိတ်ကာ မျက်ရည်ကျမိတယ်။
သူ့ကိုယ်သူ ရူးနေပြီတောင် Jay ထင်လာသည်။
ဘယ်တုန်းကမှ ဒီလောက်ထိ နာနာကျင်ကျင် မငိုဖူးသလို တစ်ထစ်ရှိ မျက်ရည်ကျတတ်သည့် အကျင့် Jay မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။
စစက တွေးခဲ့တယ် အချိန်ကြာလာတာနဲ့အမျှ ဒဏ်ရာတွေဟာ သူ့အလိုလို ပျောက်ကင်းသွားမည်ဟု။
သို့သော်လည်း တစ်နေ့တခြား ပိုပိုကြီးလာတဲ့ ဤဒဏ်ရာက ဘာများပါလဲ?
ဒီအတိုင်းဆို Jay ကြာရင် သေမှာပဲ။
ကောင်လေးကို သတိရလာတိုင်း ကောင်လေးနောက် လွှတ်ထားတဲ့ လူကို အမြဲ ဆက်သွယ်ပြီး သတင်းလှမ်းမေးဖြစ်တယ်။
YOU ARE READING
𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ▍𝗗𝗼𝘂𝗯𝗹𝗲𝗝
Fanfiction𝘀𝗻𝗲𝗮𝗸𝘆 𝗹𝗶𝗻𝗸 𝘀𝗵𝗼𝘂𝗹𝗱 𝗸𝗻𝗼𝘄 𝗵𝗶𝘀 𝗽𝗹𝗮𝗰𝗲? 𝘂𝗺𝗺... 𝗮𝗰𝘁𝘂𝗮𝗹𝗹𝘆 𝗵𝗲 𝘄𝗼𝗻'𝘁 𝗴𝗶𝘃𝗲 𝗮 𝗳𝘂𝗰𝗸. 𝗯𝗼𝘁𝗵 𝗨𝗻𝗶𝗰𝗼𝗱𝗲 𝗮𝗻𝗱 𝗭𝗮𝘄𝗴𝘆𝗶 𝗮𝗿𝗲 𝗮𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲.