နိုဝင်ဘာရဲ့ချမ်းစိမ့်မှုတွေကျော်လွန်လာတဲ့အဆုံးမှာနှစ်တစ်နှစ်ရဲ့နောက်ဆုံးလဒီဇင်ဘာလ
ဟီဆွန်းဒီဇင်ဘာကိုချစ်တယ် ဒီဇင်ဘာမှာပထမဆုံးကျတဲ့နှင်းစက်လေးတွေရော သူ့ဘဝရဲ့မြတ်နိုးစရာလေးကိုစတွေ့ခဲ့ရတဲ့ညခရစ်စမတ်ရဲ့အေးစိမ့်နေတဲ့ည
အဲ့မြတ်နိုးစရာလေးပျောက်ကွယ်သွားခဲ့တာသုံးနှစ်လောက်ရှိနေပေမဲ့သူတစ်ရက်မှမေ့လျော့ခြင်းမရှိဘဲ ခရစ်စမတ်ညတိုင်းကိုမျှော်နေတုံးပဲ သူပြန်လာမလားလို့လေ
ဟီဆွန်းသက်ပြင်းတစ်ချက်ချပြီး နံရံပေါ်ကငြိမ်သက်နေတဲ့ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်တယ်
''ဒီနှစ်ခရစ်စမတ်ကျဖို့ကရက်သိပ်မလိုတော့ဘူးပဲ ဒီတစ်နှစ်တော့ကိုယ့်ဆီရောက်လာမယ်မလား ဆောနူ''အသက်အစိတ်ရှိပြီးအလုပ်အကိုင်တစ်ခုနဲ့တည်ငြိမ်မှုရှိနေတဲ့သူ့ဘဝက ရေငြိမ်လိုပဲဖြတ်သန်းလာခဲ့တာသုံးနှစ်ရှိပြီ ပျော်ရွှင်တယ်လည်းမဟုတ် စိတ်ခံစားမှုတွေအသက်မဝင်ခဲ့တာလေ ဒီနေ့လည်းပုံမှန်လိုမနက်၇နာရီထပြီးရုံးသွားဖို့ပြင်ဆင်ရတယ် ရုံးအလုပ်ချိန်က၈ခွဲမှစမှာဆိုပေမဲ့ ဟီဆွန်းအရင်တုံးကသူတို့နှစ်ယောက်အမှတ်တရတွေရှိခဲ့တဲ့cafeမှာပဲ မနက်စာစားပြီးရုံးသွားလေ့ရှိတယ် အခုထိလူတွေကတော့သူ့ကိုအတိတ်တွေထဲမှာပိတ်မိနေတုံးလို့ထင်ချင်ထင်နိုင်ပေမဲ့ ဟီဆွန်းမငြင်းချင်ပါသူက သူ့ရဲ့မြတ်နိုးရာလေးကတကယ်ဘဲသူ့နှလုံးသားကိုရုန်းထွက်မရအောင်လုပ်ထားခဲ့တာလေ အမြဲသူပြောပြောနေကြ"ကိုကိုဆောနူတစ်ယောက်ထဲကိုပဲချစ်နော်"ဆိုတဲ့စကားတွေထပ်ခါထပ်ခါပြောလို့များ အဲ့စကားတွေအသက်ဝင်ခဲ့တာများလားဆောနူ
အခုဆိုဘယ်မှာနေပြီး ဘာတွေလုပ်နေလဲ ကိုယ်မရှိတဲ့ဒီဇင်ဘာကိုရောမင်းလည်းလွမ်းနေမလားဆောနူ?ဆောနူဒီနှစ်ဆိုအသက်၂၂နှစ်ထဲဝင်လာပြီလေ အသက်ကြီးလာတာနဲ့အမျှသူ့နှလုံးသားကလည်းရင့်ကျက်မှုတွေအပြည့်၁၇နှစ်အရွယ်ကစသဘောကျမိတဲ့လူကို နှောက်နှစ်တွေကြာတဲ့ထိသဘောကျနိုင်မယ်မထင်ဘူးလို့သူ့နှလုံးသားကိုသူလျော့တွက်မိတာ သူအထင်သေးမိတာ ဒီနှလုံးသားကမတွေ့တာသုံးနှစ်လောက်ရှိနေတဲ့သူ့ပိုင်ရှင်ကိုပဲလွမ်းဆွေးနေရတာညတိုင်းနီးပါး ဆောင်းရာသီရဲ့အေးစိမ့်မှုတွေကတောင်သူ့ရင်ထဲကလွမ်းဆွတ်ပူလောင်မှုတွေကိုမဖြေလျော့နိုင် ကိုကိုရောအခုလောက်ဆိုသူ့ကိုမုန်းနေမလား
မဖြစ်နိုင်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့သူကို့ကို့အပေါ်ရက်စက်မိတာ သူ့ကိုနာကျည်းနေမလား
ခရစ်စမတ်ညတိုင်းသူ့ရဲ့အိမ်လေးလို့တင်စားရတဲ့ထိုလူသားရဲ့ရင်ခွင်လေးထံအပြေးခိုဝင်ချင်ခဲ့တာ ဒါပေမဲ့သူမလုပ်နိုင်ခဲ့ဘူး လုပ်နိုင်စွမ်းမရှိခဲ့ဘူး
ဒီနှစ်ခရစ်စမတ်ညလည်းမျက်ရည်တွေနဲ့ကို့ကို့အနမ်းတွေကိုလွမ်းရအုံးမယ်
_____________
YOU ARE READING
DECEMBER-25[HeeSun]
FanfictionChristmas အတွက်အမှတ်တရဖြစ်အောင်ရေးကြည့်တာပါ plotလည်းသိပ်မရှိဘူးရယ် ပထမဆုံးမို့လို့လိုအပ်တာတွေရှိမှာပါ နားလည်ပေးကြပါနော်^_^