𝐆𝐢𝐟𝐭 𝐟𝐫𝐨𝐦 𝐒𝐚𝐧𝐭𝐚
Unicode version"လှတယ် မောင့်ကိုကိုက အရမ်းလှတယ်..."
ထိုတစ်နေရာထဲမှာပဲ နာရီပေါင်းများစွာ စုတ်ချက်တွေဆေးရောင်တွေကို စိတ်တိုင်းကျခြယ်လှယ်ပြီးနောက် ကားချပ်ပေါ်မှ ရုပ်လုံးကြွနေတဲ့ ဇာတ်ကောင်လေးအား တစ်နေရာဆီခပ်ဖွဖွတို့ကိုင်ကာ ဆိုလိုက်မိသည်။
ထိုအသက်ဝင်လွန်းသော ပန်းချီကားကိုကြည့်ရင်း Ni-Ki သဘောတကျပြုံးရယ်ပြနေလေသည်။
"ကိုကိုက ဒီလို side view လေးမှာလည်း အရမ်းလှတာပဲ"
"ချစ်တယ်ကိုကို မောင်ကကိုကို့ကိုအရမ်းချစ်တယ်"
Ni-Ki ရဲ့ အခန်းငယ်လေးထဲတွင်လည်း ကိုကိုဆိုသောလူငယ်လေးအား ကိုယ်နေဟန်ထားမျိုးစုံဖြင့် ဖန်တီးထားသော ပန်းချီကားချပ်တို့ဖြင့်သာ ပြည့်နှက်နေသည်။
"သားငယ်လေးရေ ထမင်းစားရအောင်လေ..."
"မေမေ"
Ni-Ki သည် ပန်းချီကားလေးကို အမြတ်တနိုးငေးကြည့်နေရာမှ အမေဖြစ်သူခေါ်သံကြောင့် တံခါးဝဆီသို့လှည့်ကာအသံပြုလိုက်သည်။
"မေမေ လာကြည့်ပါဦး ကိုကိုကလေ အရမ်းကိုလှတယ်မဟုတ်လား မေမေ"
ကလေးလေးတစ်ယောက်ကဲ့သို့ပင် မျှော်လင့်ချက်တွေပြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးတို့ဖြင့် မေးသည့်အခါ...
အမေဖြစ်သူက မည်သည့်စကားမျှမဆို
သားငယ်အား တင်းကျပ်စွာထွေးပွေ့လေသည်။"သားငယ်လေးရယ်..."
အသံတွင် သားဖြစ်သူအတွက်ဝမ်းနည်းရိပ်တို့ပါနေပေလိမ့်မည်။
YOU ARE READING
𝐆𝐢𝐟𝐭 𝐟𝐫𝐨𝐦 𝐒𝐚𝐧𝐭𝐚[Hoonki one short]
Fanfictionကိုကိုက မောင့်အတွက် ဆန်တာပို့ပေးလိုက်တာ...။