2🤍

150 15 0
                                    

ᑌᑎᏆᑕᝪᗞᗴ ᐯᗴᖇ

13/3/2016

"ဟာဘယ်အချိန်မှအိမ်ပြန်ရမှာလဲ ည7နာရီတောင်ရှိပြီ"

စတိုးဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေရင်းဗိုက်စာတာနဲ့ဒိတ်ကုန်နေတဲ့နွားနို့နဲ့တြိဂံထမင်းလိပ်ကိုယူစားနေတုန်းစတိုးဆိုင်ကိုလူတစ်ယောက်၀င်လာတယ်

"ကြိုဆိုပါတယ်"

သူပြောတာကိုနားမထောင်ပဲခေါက်ဆွဲဗူးတွေထားထားတဲ့နေရာကိုသွားလိုက်တဲ့ကောင်လေးခေါက်ဆွဲဗူး5ဗူးလောက်ယူပြီးကောင်တာကိုရောက်လာတယ်

"၀မ်၃ထောင်ကျပါတယ်"

ပိုက်ဆံကိုထုတ်ပေးပြီးသူ့ကိုတောင်မကြည့်ဘူးခေါက်ဆွဲဗူးတွေထည့်ထားတဲ့အိတ်ကိုယူလိုက်ပြီးထွက်သွားမလို့လုပ်နေစဉ်

"အာ...စီးကရက်ရှိလား"

" nae?? စီးကရက်...."

၀တ်စုံကိုကြည့်လိုက်တော့ကျွန်တော်အခုတက်နေတဲ့ကျောင်းက၀တ်စုံနဲ့ နာမည်က.... Kang Taehyun ကျောင်းကိုဒီနေ့မှပြောင်းလာတဲ့တစ်ယောက်

"ဒီမှာ Taehyun shi ကျောင်း၀တ်စုံနဲ့စီးကရက်၀ယ်နေတာကိုကျွန်တော်ကပေးရမှာလား"

"ပိုက်ဆံအများကြီးပေးမယ်လေ"

အသံကအေးတိအေးစက်အသံနဲ့တခုခုကိုစိတ်ညစ်နေပုံပဲ

"ပိုက်ဆံအများကြီးပေးရင်တောင်မရောင်းဘူး"

"Beomgyu shi အခု၀ယ်နေတာကျွန်တော်သောက်ဖို့မဟုတ်ဘူး"

"အဲ့လိုလာလိမ်နေလို့မရဘူးလေ"

"ကျွန်တော့်အကိုက၀ယ်ခိုင်းလို့"

"ဒါဆိုသူ့ကိုကိုယ်တိုင်လာ၀ယ်ခိုင်းလိုက်ပါ"

"ဟားးးး(သက်ပြင်းချသံ)ဒါဆိုခေါက်ဆွဲဗူးဘဲပေးတော့"

"nae နောက်တခေါက်လည်းလာပါအုံး"

သူကခေါက်ဆွဲဗူးဘဲယူပြီးပြန်သွားတယ်

"Beomgyu ငါလာပြီမင်းပြန်ရင်ပြန်တော့လေ"

" nae "

ကျွန်တော်လဲပြန်တော့မို့အိမ်ရောက်ရင် Haru လေးစားလို့ရအောင်ကြောင်စာ၀ယ်ပြီးလွယ်အိတ်ထဲထည့်နေတုန်းကျွန်တော်ဖုန်းမရှိဘူး

𝙸'𝚖 𝚂𝚊𝚝𝚒𝚜𝚏𝚒𝚎𝚍 𝚠𝚒𝚝𝚑 𝚃𝚑𝚒𝚜 { 𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦𝘥 }Where stories live. Discover now