.
.
.
.
.
.
.
.( Uni )
လွန်ခဲ့သော 17နှစ်
2022 January 31st ( ဆုံတွေ့ခြင်း)
အေးစက်တဲ့ခံစားမှု...
ညဥ့်နက်လာတာနဲ့အမျှ တဖြည်းဖြည်း
လျော့ကျလာနေတဲ့အပူချိန်ကြောင့်
အချိန်အတော်ကြာ မခံစားတတ်ခဲ့တဲ့
ကြောက်ရွံ့မှုကငါ့ရဲ့စိတ်ကိုလွှမ်းမိုး
နေခဲ့တယ်.......လရောင်မှိန်မှိန်ကပတ်ဝန်းကျင်ကို
မြင်နိုင်သေးပေမယ့် ခပ်ဖြည်းဖြည်း
ကျနေတဲ့နှင်းရည်စက်တွေဆီကလာတဲ့
အအေးဓာတ်ဟာပိုပိုတိုးလာပြီး ငါ့ရဲ့
ခြေလှမ်းတွေကိုနှေးကွေးလာစေတယ်.....မဝေးတဲ့ဟိုးတနေရာကနေ ငါ့ကိုလိုက်ရှာ
နေတဲ့သူတွေရဲ့ခြေသံတွေက တဖြည်းဖြည်းချင်း နီးကပ်လာနေတာကိုခံစားရတယ်.....ငါ့ကိုသတ်ဖို့လာနေကြတဲ့လူတွေ.........
နောက်ဆုံးတော့.......
ငါလည်း ငါ့ကိုကယ်တင်ခဲ့ကြတဲ့
လူတွေလို သေရတော့မှာလား.....'' xီးပဲဲ.....''
မမျှတတဲ့အလစ်ဝင်တိုက်ခိုက်မှုကြောင့်
ငါ့အသက်လည်းပေးရတော့မှာဖြစ်တာမို့
ခံပြင်းစွာပဲဆဲရေးမိတယ်။ရှပ်...ရှပ်...ရှပ်...
'' တွေ့အောင်ရှာကြ....သူသေမှငါတို့လည်း
အသက်ရှင်မှာ ''သေဆုံးခြင်းကငါ့အနားကိုတဖြည်း
ဖြည်း...နီးကပ်လာနေတာကိုသိပေမယ့်
ငါရဲ့ခြေလှမ်းတွေကလည်း အရမ်းကို
နှေးနှေးလာနေတယ်။'' တကယ်ပဲ...သေရတော့မှာလား
ငါအရမ်းကိုငယ်သေးတာကို..........''လွန်ခဲ့တဲ့သုံးနှစ်...
ငယ်ငယ်ကတည်းကမိဘမဲ့ဘဝနဲ့
ကြမ်းတမ်းတဲ့လမ်းပေါ်မှာပဲ
ကြီးပြင်းလာရတဲ့ ငါဟာ နာမည်တောင်
မရှိဘဲ အနှစ်နှစ်ဆယ်လောက် ဘဝကို
ဖြတ်သန်းလာခဲ့ပြီးနောက်မှာ အရမ်းကို
တောက်ပနေတဲ့လူတစ်ယောက်နဲ့
ဆုံခဲ့တယ်။အဲ့ဒီလူက ငါ့ကိုနာမည်လည်းပေးပြီး
နေစရာလည်းပေးပြီး ထင်ထားတာထက်
ပိုပြီးငါ့ရဲ့ဘဝကိုကယ်တင်ပေးခဲ့တဲ့
ငါရဲ့ကယ်တင်ရှင်ကြောင့် ငါဟာ
အသက်နှစ်ဆယ်အရွယ်မှာပဲ
သာမန်လူတွေရဲ့အသုံးနဲ့ဆိုလူမိုက်လို့
ခေါ်ကြတတ်ကြတဲ့အမှောင်လောကထဲကို
ခြေစုံပစ်ဝင်ခဲ့တယ်။
YOU ARE READING
The Operation of C.H.A.N.D.R.A ( Chapter 1 )
Science Fictionရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoing #every Monday