🌷 Life is Born 🌷
Romeo တစ်ယောက် စာသင်ခန်းဖက် ပြန်လျှောက်လာနေတုန်း လမ်းမှာ တခြားခန်းက အုပ်စုတွေနဲ့ တွေ့တယ် ပထမနှစ်ထဲက နည်းနည်း ရန်စရှိပေမယ့် အခု ကျောင်းပြန်ဖွင့်ထဲက မတွေ့မိသေး အခုမှ မျက်နှာချင်းဆိုင်ဖြစ်တာ
သူတို့ အုပ်စုခေါင်းဆောင်က Norman ဘာဆိုလား surname တော့ သေချာ မမှတ်မိ အာရုံနောက်စရာတွေ မှတ်မထား တတ်တာကြောင့်လဲပါမယ်
' အိုး ဟိုးး ဒါဘယ်သူများလဲ ငါတို့ကျောင်းရဲ့ နာမည်ကြီးလေး Romeo မလား '
သူတို့ငါးယောက် အုပ်စုလိုက်ကြီး ရှေ့မှာ ပိတ်ရပ်လိုက်တာမို့ ရှောင်သွားဖို့ နေရာမရှိ Loey လဲ မပါတာမို့ အတတ်နိုင်ဆုံး ရန်မဖြစ်အောင် ရှောင်ပြောရမှာပဲ
လောလောလတ်လတ် ကြည်နူးလာတာလေးတောင် ဒင်းရုပ်ကို မြင်တော့ ကြက်ပျောက်ငှက်ပျောက်' ငါ စိတ်မပါသေးတာမို့ ဖယ်ပေး '
' အဟားး ဘာလဲ တစ်ယောက်ထဲ ဆိုတော့ ကြောက်သွားတာလား ဒါမှမဟုတ် ကြည်နူးနေတာလေး ပျက်သွားလို့လား '
' ဘာပြောတယ် '
' ဟား ဟားး မဟုတ်လို့လား Romeo လေးရဲ့ မနက်က Account major က Queen လေး မင်းကို စကားလာပြောတယ်ဆို မင်းလဲ ဘယ်ပြောရမလဲ စိတ်ထဲ ကျေနပ်ချင် ကျေနပ်နေမှာ'
' စိတ်မဝင်စားဖူး '
စိတ်တော်တော် ရှုပ်လာတာမို့ အတင်းတိုးပြီး ထွက်မလို့လုပ်ပေမယ့် သူတို့ဖက်က ပြန်ဆွဲထားတာမို့ ဘာမှ မထူး
' ဟိုး ဟိုး နေပါဦး ငါတို့ Romeo လေးက Queen လို အလှလေး ကိုတောင် စိတ်မဝင်စားတော့ ဘယ်လိုလူကိုများ စိတ်ဝင်စားတာများလဲ '
' မဟုတ်မှ ယောက်ျားလေးတွေ စိတ်ဝင်စားတာလား'
' ဟားး ဟားး '
' ဒီ ငါ လုပ်လိုက်ရ '
' ဟားး ဟားး လုပ်လေ လုပ်လိုက်စမ်းပါ '
Romeo တစ်ယောက် စိတ်တိုလာတာမို့ Norman ကို ထိုးဖို့ လက်နဲ့ရွယ်လိုက်ပေမယ့် လေထဲမှာ တန့်သွားရတယ်
ကောင်လေးတစ်ယောက် တိတိကျကျ ပြောရရင် သူတို့ကျောင်းရဲ့ အသည်းကျော်လေး Nora Brooklyn
YOU ARE READING
🏯 𝕰𝖑𝖉𝖔𝖗𝖆𝖉𝖔: 𝕿𝖍𝖊 𝕷𝖔𝖘𝖙 𝕶𝖎𝖓𝖌𝖉𝖔𝖒 🏯
Fanfiction𝕃𝕚𝕗𝕖 𝕚𝕤 𝔹𝕠𝕣𝕟, 𝕒𝕟𝕕 𝕃𝕚𝕗𝕖 𝕕𝕚𝕖𝕤 𝔹𝕦𝕥 𝕃𝕚𝕗𝕖 𝕚𝕤 𝕤𝕒𝕧𝕖𝕕 𝕒𝕘𝕒𝕚𝕟 🌷 𝔹𝕖𝕙𝕚𝕟𝕕 𝕥𝕙𝕖 𝕕𝕒𝕣𝕜 𝕔𝕝𝕠𝕦𝕕𝕤, 𝕋𝕙𝕖𝕣𝕖 𝕚𝕤 𝕒 𝕕𝕒𝕫𝕫𝕝𝕚𝕟𝕘 𝕝𝕚𝕘𝕙𝕥... 🌷 This is a work of fiction. Any names, characters, sto...