Password 486 (Zawgyi)

80 6 0
                                    

အချစ်ဆိုတာ ဘာလဲ။ ခင်ဗျားတို့ အချစ်ဆိုတာနဲ့ ကြုံတွေ့ဖူးလား။ အချစ်နဲ့ ထိတွေ့ကြဖူးလား။

တစ်ချို့ကတော့ ပြောတယ်အချစ်ဆိုတဲ့အရာက သိပ်ဆန်းကြယ်တယ်တဲ့။ တစ်ချို့ကျလည်း အချစ်ကချိုမြပြီး ကောင်းကင်ပေါ်ပျံသန်းနေရသလိုပဲတဲ့။ တစ်ချို့ကျတော့လည်း အချစ်ဆိုကာ ခံစားချက်ပေါင်းစုံပေးနိုင်တယ်တဲ့။

ဒါဆို ကျွန်တော့ရဲ့ အချစ်ကကော ဘယ်လို ဘယ်ပုံများဖြစ်မလဲ။ ဘယ်လိုခံစားချက်တွေ ပေးစွမ်းနိုင်မလဲ။

“ဂျီမင်း ခဏစောင့်ဦး အတူတူသွားမယ်လေ”

ကြားလိုက်ရသည့် နာမလေးတစ်ခုကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတော့ ကျွန်တော်တို့အတန်း၏ အနောက်ဘက်တံခါးဝတည့်တည့်တွင် ရပ်နေပါသည့် ကျွန်တော့ရဲ့ အနွေးဓါတ်ကလေး။

မျက်လုံးလေးများ ပိတ်သွားတဲ့အထိ ပြုံးရယ်နေရင်း သူငယ်ချင်းဖြစ်သူကို မြန်မြန်လာဖို့ ပြောနေသည့်သူ။ ကျွန်တော်ကတော့ ထိုပုံရိပ်လေးကို မျက်တောင်မခတ်တမ်း အလွတ်ရသည်အထိ ထပ်ပြီးမှတ်သားနေမိပြန်သည်။

ထိုပုံရိပ်လေးကိုကြည့်ရင်း ပြုံးလိုက်မိတာ ပါးချိုင့်နက်တို့က ထင်းခနဲ။ ပုံရိပ်ငယ်လေး မြင်ကွင်းရှေ့မှ ပျောက်သွားတော့မှ ရေးလက်စ အချစ်ဋီကာကို ဆက်ရေးလိုက်သည်။

ကျွန်တော့ရဲ့အချစ်ကတော့ ငေးကြည့်နေခြင်းတဲ့။ ရှေ့တိုးဖို့လည်း မစဉ်းစားသလို နောက်ဆုတ်ခဲ့ခြင်းလည်း မဟုတ်။ ဒီအတိုင်း မူလနေရာလေးမှာပဲ ရပ်နေခဲ့တာ။

နေရောင်ရှိရာသို့ လိုက်ပါတတ်သည့် နေကြာများကဲ့သို့ ကျွန်တော်ဟာလည်း အနွေးဓာတ်ကလေးရှိရာ ထာဝရကပ်တွယ်နေမယ့် အရိပ်ကလေးတစ်ခု။

ကျွန်တော့အတွက် ဒီအခြေအနေလေးနဲ့တင် လုံလောက်ခဲ့ပါတယ်။

Encounter

ဆောင်းအငွေ့အသက်များကုန်လို့ နွေလေပြေများစတင်ဝင်ရောက်လာချိန်တွင် ကျောင်းသားများ မနှစ်သက်သည့် ကျောင်းဖွင့်ချိန်ဆိုတာသည်လည်း ပါလာခဲ့သည်။

Password 486 (비밀번호 486) (One Shot)Where stories live. Discover now