ချစ်မလား... ကြိုက်မလား... (One Shot)

8.6K 724 168
                                    

Unicode

"အေ့...ငါ့ ဖာသာ ငါ့ ပိုက်ဆံနဲ့ ငါ အရက်သောက်တာ ဘယ်ဒူ့ကို ကြောက်နေရဦးမှာလဲ... အေ့... ရှောင်းကျန့်ကို ဘာ ထင် နေ တာ လဲ ဟမ်"

"ဟု ဒယ်... ငါ့ အ မေ ပိုက် ဆံ ခိုး ပီး သောက် ဒါ။ ခ ညား ဒို့ ဘယ် လောက် ဖိုး မွဲ သွား လို့ လဲ အေ့... ကျန်းချန် တဲ့ နော်... အေ့"

"အေ့... ဝမ်ချောင် ဂို အာ လာ မချောင် ကြနဲ့။ အကုန် ဘယ်ပြန် ညာပြန် ဖြတ်ရိုက်ထည့်လိုက်လို့ အဖြူအမည်းတွေ ရောင်စုံဓါ့ပုံဒွေ ထွက် တွား မယ်"

သန်းခေါင်ကျော်ညရဲ့ ကူစူးရွာသို့ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ အမျိုးကောင်းသားများ တစ်ယောက်တစ်ပေါက် ကြိမ်းဝါးလို့ လမ်းတောင် ဖြောင့်အောင် မလျှောက်နိုင်ကြပေ။

"ဟေ့ ကောင် သား ရီး ကျန်း ချန်... ဟိုက် ခွန်း ရော"

ရှောင်းကျန့်က ဟိုဒီလှည့်ပတ်ကြည့်ရင်းမေးတော့ ကျန်းချန်ကလည်း သိုင်းကွက်နင်းလျှောက်နေရင်းက

"အမ် ဟမ်... ဟိုက် ခွန်း လား။ ခု န က တင် ရှိ ပါ သေး ဒယ်..."

ရှောင်းကျန့်က ယိုင်ထိုးနေရင်းက မျက်လုံးကို ပြူးပြဲဖွင့်ကြည့်လို့

"ဟိုက် ခွန်း မင်း ဘယ် သွား နေ ဒါ ဒုန်း"

ဟိုက်ခွန်းက လေးဖက်ကုန်းနဲ့ လမ်းဘေးချုံပုတ်ထဲ တိုးဝင်နေသည်။ ရှောင်းကျန့်က အာလေးလျှာလေးသံကြီးနဲ့ လှမ်းမေးလိုက်တော့ ဟိုက်ခွန်းက

"သားရီးတို့... သွားကြတော့။ ငါ့အိမ်ရောက်ပြီ။ မနက်ဖြန်မှတွေ့မယ်ကွာ.. တာ့တာ.. ဆီးယူ ချီးယူ အီးရှူ ကွာ အေ့"

"ဟေ့ကောင် ဟေ့ကောင် ဟိုက်ခွန်း"

ချုံပုတ်ထဲ တိုးခွေ့အိပ်ဖို့ ပြင်နေတဲ့ ဟိုက်ခွန်းကို ကျန်းချန်ကသွားဆွဲထူဖို့ပြင်ပေမယ့် သူကပါ ဒယိမ်းဒယိုင်ဆိုတော့ ဟိုက်ခွန်းဆီမရောက်ခင် ဟပ်ထိုးလဲသွားသည်။

ရှောင်းကျန့်က ခေါင်းတညိမ့်ညိမ့်လုပ်ပြီး

"အေ့... ဒေါ်လေးလျှိုက မင်း ဂို အိပ်ယာတောင် ပြင်ပေးထားတာပါရော သားရီးရ။ မင်းအမေကတော့ကွာ အမေတော်ရကျိုး နပ် မှ နပ် အေ့... ဒေါ်လေးလျှိုရေ ကျုပ်တို့ သွားဘီ ဗျို့..."

ချစ်မလား... ကြိုက်မလား... (One Shot)Where stories live. Discover now