The Yellow Truth

1.3K 104 3
                                    

Unicode

Recommend song : Isak Danielson - Always

ဒီဇင်ဘာလရဲ့အအေးဓာတ်..။ ထူထဲလွန်းတဲ့နှင်းမှုန်တွေက တဖွဲဖွဲနှင့်ကမ္ဘာလောကကြီးစီကိုဆင်းသက်လို့လာတာကို သူက ငေးကြည့်ဖို့ ပြတင်းပေါက်တံခါးတွင်ရပ်လို့နေခြင်းဖြစ်သည်...။ နှာဖျားက နှာရည်အနည်းငယ်ယိုလို့ နှာထိပ်ကနီချင်နေသည်..။ လက်အိတ်ဝတ်ထားတဲ့ လက်တစ်ဖက်မှ လက်အိတ်အားချွတ်ပစ်လိုက်ရင်း ဖွင့်ထားတဲ့ပြတင်းတံခါးမှတစ်ဆင့်အပြင်ဘက်က နှင်းတွေကို လက်ကလေးဖြင့်ခံယူလိုက်တဲ့အခါ နှင်းမှုန်လေးတွေဟာ လက်ပေါ်ကို အလုအယက်ကျဆင်းလို့လာသည်..။

မီးလင်းဖိုက တဖျောက်တဖျောက်အသံကိုကြားရကာ တစ်ခါတစ်ရံမှာ လေနုအေးလေးဝေ့တတ်၍ ဆီးနှင်းရနံ့နှင့်အတူ တစ်ဖက်အိမ်တွေက မီးခိုးအနံ့ဖျဖျလေးကိုရတတ်သည်..။

" မအေးဘူးလား John..ဒီနားမှာ လာထိုင်လှည့်.."

သူခပ်ဖွဖွလေးပြုံးမိလိုက်ပြန်သည်..။ အသည်းခိုက်မတတ်အေးစက်နေတဲ့နှင်းတွေကြားထဲမှာ နှလုံးအိမ်ထဲထိနွေးထွေးစေတဲ့ခေါ်သံနုနုက အကြားအာရုံထဲတိုးဖြတ်ဝင်လာတော့ နှင်းတွေခံယူထားတဲ့ ထုံကျင်စပြုနေတဲ့လက်တွေကိုဖယ်ခါရင်း ပြတင်းတံခါးကိုဆွဲလို့ပိတ်လိုက်သည်..။ ဒီလိုရာသီဥတုတွင် ပြတင်းတံခါးဖွင့်လိုက်တာက အနည်းငယ်တော့ရူးကြောင်ကြောင်နိုင်လှသော်ငြားလဲ..။

ခရစ်စမတ်နားနီးလာပီဖြစ်၍ ကြို၍ အလှဆင်ထားတဲ့သစ်ပင်ကြီးရဲ့ဘေးနားမှာ လက်ဆောင်ဘူးလေးတွေအားစီနေတဲ့ နောက်ကျောပြင်အားတစ်ချက်ကြည့်ရင်း မီးလင်းဖိုနားတွင်ထိုင်ကာ အေးစက်နေတဲ့လက်နှစ်ဖက်အား အနွေးဓာတ်ရအောင် မီးလှုံလျက်..။

နွေးထွေးသွားတဲ့အခါ ခန္ဓာကိုယ်ကပါအနည်းငယ်နေလို့ကောင်းသွားသည်..။ ထို့ကြောင့်.လက်နွေးနွေးတွေအား ကုတ်အကျီတွင်းသို့ ထည့်လျက် ခုံပေါ်မှာလောလောလတ်လတ်ဖျော်၍ တင်ပေးထားတဲ့ Hot chocoတစ်ခွက်အား ဆွဲကိုင်၍ လည်ချောင်းတစ်လျှောက်ကိုပါနွေးစေလိုက်သည်..။ ထိုအချိန်ထိ လက်ဆောင်ဘူးစီနေတဲ့ ကျောပြင်ဟာမလှုပ်မယှက်ပင်ရှိနေသေးသည်...။
နောက်ကျောမှကြည့်နေရင်း ဆံပင်ကိုသပ်တင်လိုက်တဲ့အခါ နီရဲနေတဲ့လက်တစ်ဖက်အားမြင်ချင်မှာ သူ့စိတ်တွေဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်..။

You've reached the end of published parts.

⏰ Last updated: Oct 11, 2023 ⏰

Add this story to your Library to get notified about new parts!

𝚃𝚑𝚎 𝚈𝚎𝚕𝚕𝚘𝚠 𝚃𝚛𝚞𝚝𝚑 // 𝚈𝚊𝚗𝚐𝚑𝚘𝚘𝚗Where stories live. Discover now